26

877 159 23
                                    

" Jimin မင်းပြောတော့အကုန်
အဆင်ပြေမှာပါဆို "

" Jhope hyung နဲ့မင်းအဆင်ပြေနေတာပဲ
မဟုတ်လား "

" ဒါတော့ဒါပါပဲ ဒါပေမယ့် JungKookie ကအခုထိမလာသေးဘူး ငါတို့ညီလေး
မရှိတော့ရင် ဘယ်လိုလုပ်မလဲ တရာခံကငါတို့..ငါတို့JungKookie ကိုအသုံး
မချသင့်ဘူး "

" TaeHyung တိုးတိုးပြောကွာ အကုန်ကြားကုန်မယ် "

" ကြားကြားကွာ ငါငိုချင်လာပြီ "

TaeHyung သူ့မျက်နှာသူအုပ်ပြီး အသံခပ်သြသြနှင့်ဗလုံးဗထွေးအော်နေသည် ။ ကြံဖက်ကြံဖော်အချင်းချင်း စိတ်အားငယ်စေမယ့်စကားတွေလာပြောတော့Jimin လဲချော့ဖို့နေနေသာသာ ငိုချင်လာသည် ။

JungKookကအငယ်ဆုံးအဆိုးဆုံး ချဉ်ဖက်လေးဖြစ်နေပေမယ့် မျက်စိရှေ့မှာတင်ကြီးပြင်းလာတဲ့ကလေးမို့ JungKook ဘာလုပ်လုပ်အပြစ်မမြင်ဝိုင်းအုံချစ်နေရသည်

" ငါ့အမှားပါTaeHyung ရယ် ငါစပိန်တွေကိုသွားမခေါ်သင့်ဘူးငါ့ကိစ္စထဲ JungKookကိုဆွဲမထည့်သင့်တာပါ "

Jimin နောင်တရစွာ TaeHyung ကိုဖက်ပြီး
ငိုနေသည် ။ TaeHyungလဲမျက်နှာကိုအုပ်ထားတဲ့လက်ကိုဖယ်ပြီးJimin ကိုယ်သေးသေးလေးကိုပြန်ဖက်ထားသည်။

နှစ်ယောက်သားဝမ်းနည်းလို့မဆုံးသေး တံခါးဝတွင်သူတို့ကိုမယုံကြည်နိုင်ကြည့်နေသည့်Jhope ကြောင့် နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိ၍ပိုတင်းကျပ်စွာဖက်ထားမိတော့သည်။

~

NamJoon ကလွဲအကုန်လုံးကုန်းပတ်ပေါ်ရောက်နေသည် ။ NamJoon လဲရောက်မနေပေမယ့်အပေါ်ကနေအကဲခတ်နေသည်။  Jhope ကတော့အတော်ပေါက်ကွဲနေရှာသည် YoonGi ကတော့ ဘာမှဝင်မပြောပဲနှစ်ယောက်သားကိုကြည့်နေ၏ ။ Taehyung နဲ့Jimin မလှုပ်ရဲကိုယ့်အပြစ်နဲ့ကိုယ်မို့ ခေါင်းငုံ့ကာကျုံ့ကျုံ့လေးရပ်နေကြသည်။

" TaeHyung မင်းဘာလို့JungKookကိုအဲ့လောက်ရက်စက်ရတာလဲသူကငါတို့ညီလေးလေ ဘာလို့အန္တရာယ်တွင်းထဲပို့နိုင်ရတာလဲ
ပြောငါ့ကိုပြောစမ်းKimTaeHyung!

ငါ့ကြောင့်လားငါJungKook ကိုပိုဂရုစိုက်တယ်လို့မင်းအမြဲပြောတယ်အဲ့ဒါကြောင့်လား
ငါJungKook ကိုဂရုစိုက်တယ်ဆိုတာကသူကအမြဲတစ်ယောက်တည်းတွေးချင်ရာတွေးလုပ်ချင်ရာလုပ်တတ်တဲ့ကလေးမို့ကွ မင်းထင်သလိုမဟုတ်ဘူးJungKookကငါ့ရဲ့ထာဝရညီလေးပဲ မင်းဘာလို့နားမလည်နိုင်ရတာလဲTaeHyung! "

Bad Romance (Completed)Where stories live. Discover now