32

784 143 45
                                    

JungKook သေတော့မယ်ဆိုတဲ့အသိကြောင့်
ဉီးနှောက်က " မင်းလွတ်လပ်ပြီ၊ မင်းနိုင်ပြီKimSeokJin " ဟုထိုနေရာမှာအကြိမ်တစ်ထောင်မက အောင်ပွဲခံနေပေမယ့် နှလုံးသားဟာအောင်ပွဲမခံနိုင်ပါ ။

အော်ဟစ်ကာရယ်ပစ်ချင်ပေမယ့် မူမမှန်တဲ့နေရာကြောင့်SeokJin ခန္ဓာကိုယ်တွေတုန်ယင်နေ
သည် ။သူဘာလုပ်ရမှာလဲ.. နှလုံးသွေးတွေရပ်တော့မလိုပဲ
ထပ်မြင်ခွင့်ရှိတော့မှာမဟုတ်ဘူး ။

" မစားနဲ့ အဆိပ်တွေ! ! "

SeokJin ဆန်ပြုတ်ပန်းကန်ကိုဆွဲယူကာလွတ်ပစ်လိုက်သည် ။ ခန္ဓာကိုယ်တွေဟာတုန်တုန်ယင်ယင်သူ့မျက်စိရှေ့မှာတင်JungKook ကတစ်ဇွန်းသွင်းပြီးနေပြီ ။ Soobin ကဆေးကစွမ်းတယ်ဟုပြောတယ် ပျော်ရမှာလား.. အခုပျော်ရတော့မှာလား ။

SeokJin ကြံရာမရနဲ့တုန်ယင်နေချိန် JEon ကထိုင်နေရာမှထပြီး ပါးစပ်ထဲမှ ငုံထားတဲ့ဆန်ပြုတ်ကိုထွေးထုတ်လိုက်သည် ။ နောက်ပြီး ရေနဲ့ပလုတ်ကျင်းလိုက်ကာ SeokJin ကို မှင်သေသေကြည့်နေသည် ။

" JeonJungKook ကိုလွယ်လွယ်နဲ့လုပ်ကြံလို့ရမယ် ထင်နေတာလား ။ ငါက ခင်ဗျားကိုယုံရအောင်ငတုံးမဟုတ်ဘူး ! ! "

JungKook စားပွဲကို လက်သီးနဲ့ပြင်းစွာထုပြီး အော်လိုက်သည်။ ရုတ်တရက်ကြီးလာကောင်းပြကာမူမမှန်ပုံကြောင့် ဂျောင်ကုသံသယဝင်ခဲ့သည်။

SeokJin ဘာပြောရမှန်းမသိတော့ပါ ။အခုက သူလှည့်စားတာကို JungKookက ထပ်ဆင့်ပြန်လှည်စားလိုက်တာလား...

" ဘာလို့တိတ်နေတာလဲ KimSeokJin! ! စကားမပြောတတ်တော့ဘူးလား ။ ခင်ဗျားမှာဘာအကြံတွေထပ်ရှိနေသေးလဲ ပြောစမ်း..ပြောစမ်း "

အဆိပ်ခတ်ပြီးမှ မသောက်နဲ့လို့တားတာ SeokJin မှာအကြံတွေထပ်ရှိနေသေးတယ်ဟု Jeon သံသယဝင်နေသေးသည် ။

ထို့ကြောင့် ဆော့ဂျင်ပခုံးတွေကိုလှုပ်ရမ်းကာအကြမ်းပတမ်းမေးမြန်းနေသည် ။ SeokJin မှာအသိစိတ်လွတ်နေတဲ့သူလို JEon အားတွေကြား သစ်ပင်တွေလေမှာယမ်းသလို ယိမ်းယိုင်နေသည်။

အသိစိတ်ပြန်ကပ်တော့မှ JungKook ကိုတွန်းထုတ်ကာ တံခါးစီပြေးသည် ။ JungKook ကအလွတ်မပေးတော့တံခါးကိုဖွင့်နေတဲ့ SeokJin ခန္ဓာကိုယ်ကိုဆောင့်ဆွဲကာ တံခါးနဲ့ဖိကပ်ထားလိုက်သည် ။

Bad Romance (Completed)Where stories live. Discover now