24

872 149 85
                                    

လွန်ခဲ့သည့် ၃နှစ်....

လုံးဝမရင်းနှီးသည့်နေရာတစ်ခု မရင်းနှီးသည့်အငွေ့သက်များနှင့် NamJoon ခေါင်းချာချာလည်ခဲ့ရသည် ။ သဘော်ပေါ်တွင် အားလုံးကအလုပ်ကိုယ်စီနဲ့မို့ ရိက္ခာအတွက်ကိုယ်တိုင်ပဲထွက်လာခဲ့သည်။ လမ်းပျောက်နေပြီးရေပြင်မှာပဲကျင်လည်ခဲ့သူပီပီ လမ်းပင်မကူးတတ်။ တစ်ဖက်လမ်း ပလပ်ဖောင်းပေါ်ရောက်ကာနီး အရှေ့တည့်တည့် ပဲဇွတ်ပြေးလိုက်သည်မို့ သူ့လမ်းကြောင်းနဲ့သူမောင်းနေတဲ့ဆိုင်ကယ်တစ်စီးနဲ့တိုက်မိမလိုဖြစ်ခဲ့ရသည်။အလျှင်အမြန်ရှောင်လိုက်တာကြောင့် ဆိုင်ကယ်အတိုက်မခံရပေမယ့် မြေကြီးပေါ်လက်ထောက်ကာလဲကျသည်မို့ ဘယ်ဘက်လက်ဖဝါးမှာအတော်လေးပွန်းပဲ့ရသည် ။

ဆိုင်ကယ်မောင်းသမားကတော့ဒေါသတစ်ကြီးအော်ဟစ်ရန်တွေ့နေသော်လည်း NamJoon ဉီလေးကြီးဘာပြောမှန်း နားမလည်သည်ကြောင့် ပြုံးသာပြလိုက်သည် ။
တစ်ဖက်ကဉီးလေးကြီးခဗျာ NamJoon ရဲ့ပါးချိုင့်နက်နက်ကလေးမြင်ပြီးရှက်ကိုးရှက်ကန်းဖြစ်၍ ဆိုင်ကယ်သာအမြန်မောင်းထွက်သွားလေ၏။

NamJoon လဲကျနေရာမှပြန်ထပြီး
ခြေဉီးတည်ရာသာလျှောက်လာသည်။ ရှေ့နားရောက်တော့ဆူညံဆူညံနဲ့ အသံပေါင်းစုံထွက်နေသည့် မုန့်စျေးတန်းတွေကိုတွေ့
သည် ။ လမ်းမှာတွေ့သည့်လူတွေကို ဆိပ်ကမ်းကိုဘယ်ဘက်ကပြန်သလဲမေးကြည့်တော့ ကိုယ့်စကားသူနားမလည် ၊ သူ့စကားကိုယ်နားမလည်သည့် အဖြစ်မို့ အတော်လေးရယ်စရာဖြစ်ခဲ့သည်။

ဗိုက်ကလည်းဆာနေပြီမို့ သဘော်ပေါ်ကလူတစ်စုလဲဆာနေရောပဲဟု စဉ်းစားမိကာ အားနာနေ၏။

မဖြစ်သေး ဗိုက်ကဆာနေတာကိုအရင်ပျောက်အောင်လုပ်ဖို့ မုန့်စျေးတန်းထိပ်ဆုံးကဆိုင်သေးသေးလေးရှေ့ခြေစုံရပ်လိုက်သည်
နှင့်

" ပုသိမ် ဟာလဝါရှိတယ်နော် အကို
ထိုးမုန့်လဲရှိပါတယ်
မဝယ်လဲ အမြည်းစားလို့ရပါတယ်ရှင့် "

ပျော့အိမည့်ပုံရှိသည့် မုန့်တွေကို NamJoon သဲသဲမဲမဲကြည့်ရှုနေစဉ် နားမလည်သော်လည်း နားဝင်ချိုသည့်အသံလေး
ကြောင့်ဆိုင်ရှင်ကိုကြည့်လိုက်သည်။

Bad Romance (Completed)Where stories live. Discover now