35

693 141 25
                                    

အဖွားရဲ့စျာပနပွဲအဆုံးသတ်တဲ့နေ့တွင် SeokJin ပြန်သတိရလာသည် ။ ဆော့ဂျင်နဲ့မျက်နှာချင်းဆိုင်ဖို့ Jeon သတ္တိမရှိတော့ပေမယ့် မတွေ့ရလဲမနေနိုင်ဘူး ။

" Jhope hyung ~ "

" Aww.. လာလေ JungKook "

Jhope ဆန်ပြုတ်ပန်းကန်ကိုJeonလက်ထဲထည့်ပေးလိုက်ပြီး နှစ်ယောက်တည်းစကားပြောလို့ရအောင် အခန်းထဲကအလိုက်သိစွာထွက်သွားပေးလိုက်သည် ။ Jeon လက်ကျန်သတ္တိလေးနဲ့ ဆန်ပြုတ်ပန်းကန်ကိုသယ်၍ဖြည်းညင်းစွာလျှောက်လာခဲ့သည် ။

အိမ်ရှေ့စံလေးသည် ကုတင်ပေါ်လျော့ရဲစွာထိုင်ပြီးအကြောင်းအရင်းမရှိဘဲအရှေ့တည့်တည့်က နံရံကိုသာ ဖျော့တော့သောမျက်ဝန်းတွင်နဲ့စိုက်
ကြည့်နေသည် ။

" SeokJin "

" .................. "

နံရံကိုသာစိုက်ကြည့်နေပြီး သူ့နာမည်ခေါ်တာကိုလည်းကြားပုံမရ ။ Jeon ဆန်ပြုတ်ပန်းကန်ကိုကိုင်ပြီး ကုတင်ပေါ်ဘေးတစ်စောင်းထိုင်ကာ သူ့ကိုကြည့်မနေတဲ့ SeokJinကိုညိုးငယ်စွာငေးကြည့်သည် ။

" အားရှိအောင် ဆန်ပြုတ်သောက်ရအောင်နော် ကျတော်ခွံ့ပေးမယ် "

သူ့ကို မရှိတဲ့လူတစ်ယောက်လိုဆော့ဂျင်ဆက်ဆံနေလည်းJeon လက်မလျှော့နိုင် သူဆော့ဂျင်ကိုတောင်းပန်ချင်သည် ။

ဆန်ပြုတ်တစ်ဇွန်းကိုခတ်၍အပူသက်သာအောင်မှုတ်ပေးပြီး ဆော့ဂျင်ပါးစပ်နားတိုးကပ်ပေးလိုက်သည် ။ဆော့ဂျင်ကပါးစပ်ဖွင့်ပေးဖို့နေနေသာသာနှုတ်ခမ်းကိုတင်းနေအောင်စိထားသည်။

" ကျတော်ခွံ့တာမစားချင်လဲ ထားခဲ့ပေးပါ့မယ်
အားရှိအောင်နည်းနည်းဖြစ်ဖြစ်
စားလိုက်ပါဆော့ဂျင် "

Jeon ဆန်ပြုတ်ပန်းကန်လေးကို ဆော့ဂျင်ပေါင်ပေါ်တင်ပေးသွားပြီး ကုတင်ပေါ်ကထလိုက်
သည် ။ ဆော့ဂျင်များသူ့ကိုစကားပြန်ပြောမလားခဏရပ်စောင့်နေပေမယ့်ဘာတစ်ခွန်းမှမပြောဘဲနံရံကိုဘဲ ကြည့်နေတာမို့ ထွက်သွားပေးဖို့သာတွေးလိုက်ရင်း ကျောခိုင်းပြီးခြေလှမ်း လေးလှမ်းအပြီးတွင် ဆန်ပြုတ်ပန်းကန်သူ့ခြေထောက်နားရောက်လာသည်မို့ နောက်ပြန်လှည့်ကာဆော့ဂျင်စီပြန်ပြေးခဲ့သည် ။

Bad Romance (Completed)Where stories live. Discover now