19

814 158 152
                                    

" Jimin ရေငါကြောက်တယ်နော်..
ငါတို့ရဲ့တစ်ဉီးတည်းသောညီလေးကချဉ်ဖက်ပေမယ့် အဲ့တစ်ယောက်ကိုပဲ ဝိုင်းအုံ
ချစ်နေရတာ "

" ငါလဲအဲ့အရူးကိုချစ်ပါတယ်..အခုလိုလုပ်ရတာက သူ့နောင်ရေးသာယာလှပဖို့ပါငါတို့လဲသူမရှိမှ ငါတို့ကိုကိုတွေကို
ကောင်းကောင်းကြူးလို့ရမှာလေ "

Jimin ပြောနေတာဟုတ်နေတာကြောင့် TaeHyung အင်တင်တင်လက်ခံလိုက်ရသည် ။

မျက်ခုံးကတော့ခပ်လှုပ်လှုပ်ပဲ Jimin ကငယ်ငယ်ထဲကအောင်သွယ်ကောင်းလွန်းတဲ့သူပါ ဒါပေမယ့် သူအောင်သွယ်ပေးတဲ့အတွဲတိုင်းဒုက္ခလှလှတွေ့ပြီးမှအဆင်ပြေသွားတာများတယ်လေ.. JungKook က Jhope Hyungရဲ့အသဲကျော်လေးဖြစ်နေတာ မကျေနပ်ဘူး
သူ့ဘဝနဲ့သူပဲ ရှိပါစေတော့လေ...

" ဟိုမှာ..JungKook လာပြီ ထောင့်ကပ်ပြီးမျက်နှာငယ်နဲ့မျက်ရည်စမ်းစမ်းလုပ်နေ TaeHyung "

Jimin သတိပေးပြီးသူငယ်ချင်းနှစ်ယောက် ထောင့်မှာပြေးကပ်ကာ မျက်နှာငယ်လေးတွေနှင့် စပိန်များ နှိပ်စက်ခြင်း ခံထားရသလိုခေါင်းလေးငုံ့ကာ သနားကမားရုပ်လေးတွေ
လုပ်၍ရပ်နေကြသည်။

" သိလား..ကျတော်လေ ခင်ဗျားအတွက်
India ခေါင်းပေါင်းလေးယူလာတယ် အခုတော့ကျ ကျန်ခဲ့ပြီ ဒုက္ခပါပဲ "

" ငါပြုတ်ကျတော့မယ်..တင်းတင်းချီစမ်းပါ "

" အမိန့်တွေပေးလိုက်တာ...ခင်ဗျားစိတ်ဆိုးနေသေးလား "

JungKook ကစိတ်ဆိုးသေးသလားမေးတာအသံသေးသေးလေးနဲ့ ချီခံရတဲ့ SeokJin ကိုလည်းမဝံ့မရဲလေးငုံ့ကြည့်နေသေးသည် ငိုထားလို့နှာခေါင်းထိပ်တွေက နီရဲနေသေးသည် ဘာလေးမှန်းမသိ နီတာရဲမွေးကင်းစ
ကလေးလေး ။

" ကလေးမဆန်တတ်ဘူး.. "

" ကျတော့်ကိုကလေးဆန်တယ်လို့ခင်ဗျားကပြောချင်တာလား..ဟမ် "

" ငါဘယ်မှာပြောလို့လဲ "

တစ်ချက်တစ်ချက်တော့ Jeon ကအဆင်ပြေသလိုရှိနေပြီဆို ထထဖောက်တတ်တဲ့အကျင့်လေးကရှိသေးတော့ အိုးမလုံအုံ့ပွင့်ရန်ရှာတတ်သေးသည် ။ စိတ်ဆိုးမာန်ဆိုးနဲ့ SeokJin ကိုသေချာမချီ ပြုတ်ကျအောင်ရန်စနေသေးသည်

Bad Romance (Completed)Where stories live. Discover now