Episode (2)(Unicode)

4.9K 401 87
                                    

Unicode

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၂)

သေသပ်လှပသောစုတ်ချက်များနှင့် သက်ဝင်လှသော မျက်စိရှေ့က ပုံတူပန်းချီလေးကိုကြည့်ရင်း မျက်ဝန်းညိုလေးများက ကျေနပ်စွာပြုံးလိုက်မိသည်။ဇာပဝါဆာရီဖြင့်အုပ်ထားသော မျက်နှာတစ်ဝက်တွင် မျက်ဝန်းစိမ်းလေးများက စူးရှနေသည်။
သက္ကရာဇ် ပုံတူပန်းချီထဲမှ မျက်ဝန်းစိမ်းလေးများကို စိုက်ကြည့်နေရင်း အတွေးများက လွန်ခဲ့သော 4နှစ် မျက်ဝန်းစိမ်းလေးနှင့်စတွေ့ကာစအချိန်ဆီပြန်ရောက်သွားသည်။

Flash back,

ထိုနေ့က ကိုကိုသတိပြန်မရသေးသည့်အချိန်
သက္ကရာဇ် အိမ်ပြန်ပြီး အဝတ်အစားနှင့်ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးနောက် ဒယ်ဒီနှင့်ပါးပါးတို့အတွက် အဝတ်အစားတစ်ချို့ယူကာဆေးရုံသို့ပြန်လာလိုက်သည်။
ဆေးရုံသို့အသွား ကားတွေပိတ်နေသဖြင့် သက္ကရာဇ် သေချာထိန်းမောင်းရင်း နောက်ဆုံး လမ်းတွေပါပိတ်သွားသောကြောင့် ကားကိုစက်သပ်ထားလိုက်ရသည်။ထို့ကြောင့် သက္ကရာဇ် ကားမှန်ကိုချလိုက်ပြီး အပြင်ဘက်မှ သွားလာလှုပ်ရှားနေသူများကို ဦးတည်ရာမရှိ ကြည့်နေလိုက်သည်။

ထိုသို့ကြည့်နေရင်း လူတွေစုပြုံနေသည့်တစ်နေရာကိုအကြည့်ရောက်သွားခိုက် မျက်ဝန်းညိုလေးများက စိတ်ဝင်တစားကြည့်လိုက်သည်။လူတစ်စု တိတိကျကျပြောရလျှင် လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုမှ သူတို့တတ်မြောက်သော အနုပညာအချို့ဖြင့် မိဘမဲ့ကလေးများအတွက် အလှူခံနေခြင်းဖြစ်သည့်အတွက် မျက်ဝန်းညိုလေးများ‌ပြုံးယောင်သမ်းသွားကာ ထိုနားသို့သွားကြည့်ချင်စိတ်ပေါ်လာသောကြောင့်ကားကိုLockချ၍အနားသွားလိုက်သည်။

“မျက်ဝန်းစိမ်းလေး... သူဖျော်ဖြေအလှည့်ဟုတ်တယ်မလား ဟင်...”

“ဟုတ်ပါတယ်ဆို ငါ 3ရက်ရှိပြီ ‌လာကြည့်တာ အရမ်းလှတာပါဆိုနေ...နင် youtubeမှာ videoလေးတွေ့တယ်မလား...ဖွေးဥနေတာပဲသိလား...Indiaကားထဲက မင်းသမီးလေးအပြင်ခုန်ထွက်လာသလားပဲ ကျစ် ခါးလေးကလည်းသွယ်လျလို့...ပြောရင်း အူယားလာပြီ....ဒီနေ့က သေချာပေါက် သူဖျော်ဖြေပေးမယ့်အလှည့်တဲ့...”

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Complete)Donde viven las historias. Descúbrelo ahora