Episode 23(Uni/Zawgyi)

2.5K 237 37
                                    

Unicode

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၂၃)

တစ်နေ့လုံး ဆိုင်ကယ်ပတ်စီးပြီး သဘာဝအလှများကို နှစ်ယောက်သားခံစားနေကြရင်း ညနေစောင်းရောက်ခါနီးမှ အိမ်ပြန်ဖို့ သတိရကြသည်။

စိတ်လွတ်လက်လွတ် အရာအားလုံးကိုမေ့ထားပြီး သူတို့နှစ်ယောက်ထဲရှိသလို အရာအားလုံးက သီးသန့်ဖြစ်နေသဖြင့် ဆိုင်ကယ်မောင်းနှင်နေသော  သက္ကရာဇ်ဦးညို၏ နှုတ်ခမ်းထောင့်စွန်းလေးများ မြင့်တက်နေလေသည်။backမှန်မှတစ်ဆင့် မြင်နေရသော လေးနှင့် လေး၏ရူးလောက်စရာအပြုံးတွေကြားထဲ သက္ကရာဇ် တစ်နေ့လုံး ငေးကြည့်ရင်း မမောနိုင်မပန်းနိုင် လက်ပစ်ကူးနေခဲ့တာဖြစ်သည်။

မောင်လို့ခေါ်ဟု ပြောပြီးကတည်းက သူ၏နာမည်ကိုသေချာရှောင်လွှဲခေါ်နေသော လေး၏အပြုအမူလေးတွေကြောင့်လည်း ‌သက္ကရာဇ် အသည်းယားရသည်ကအခါခါဖြစ်ပြီး တစ်ချက်တစ်ချက် ခါးပေါ်ရောက်လာသော လက်လေးက သတိဝင်သွားတိုင်း ဆောရီးပြောပြီး ဖယ်ခွာကာ ပုခုံးပေါ်ပဲလက်တင်ကာထိန်းကိုင်ထားသော လေးကြောင့် ရူးသွပ်မိသည်ကအခါခါပင်။
ဖြစ်နိုင်လျှင် သူ့ခါးကိုတင်းတင်းလေးဖက်ပါဟုပြောလိုက်ချင်သည်။သို့သော် မပြောရဲပေ။
လေး၏ အပြုအမူတွေမှန်သမျှက သက္ကရာဇ်ဦးညိုကို ရူးသွပ်‌အောင် ပြုစားနေတာမို့ ဒီနေ့တစ်နေ့လုံး သူ့စိတ်ကို မနည်းထိန်းချုပ်နေရသည်။လေးရှေ့ အလွဲတွေလုပ်မိတာကလည်း တစ်ခါ နှစ်ခါ မကတော့သည်မို့ သူရှက်မိသည်။

လေးညှို့ စထွက်ကတည်းက နောက်ကနေပဲထိုင်လိုက်ခဲ့ပြီး သက္ကရာဇ်ဦးညိုပဲ တစ်လမ်းလုံးမောင်းလာသည်မို့ အပြန်တော့ သူမောင်းလိုက်မည်ဟုတွေး၍ ဆိုင်ကယ်ရပ်ရင် လက်ဟန်ခြေဟန်ပြလိုက်သည်။
*အဲ့ဒီကလေး ညောင်းလောက်ရောပေါ့...။*

သက္ကရာဇ် ဆိုင်ကယ်ရပ်ခိုင်းလာသူကြောင့် တစ်ခုခုများဖြစ်လို့လားဟုစိုးရိမ်သွား၍ လမ်းဘေးတွင် အမြန်ရပ်လိုက်ကာ ဆိုင်ကယ်ဦးထုပ်မှန်ကိုတင်လိုက်ပြီး...

“တစ်ခုခုဖြစ်လို့လား လေး....”

“ဘာမှမဖြစ်ပါဘူး အပြန် ကိုယ်ဆိုင်ကယ်မောင်းလိုက်မယ်....အကြာကြီးမောင်းထားရတာ မင်း ညကျ ခန္ဓာကိုယ်တွေနာနေလိမ့်မယ်...”

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Complete)Donde viven las historias. Descúbrelo ahora