Unicode
🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၂၉)မှိုင်းညှို့ရိပ်ထင် နာရီကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ကိုမင်းမြတ်ကုဋေဟန်နှင့်ချိန်းထားသည့်နေရာသို့ သွားဖို့ပြင်လိုက်သည်။
ဘယ်လောက်တောင်အရေးကြီးသည့်ကိစ္စမို့ အပြင်မှာဆွေးနွေးဖို့ဖိတ်ခေါ်တာလဲဟု တစ်လမ်းလုံးတွေးရင်း ကားမောင်းလာသည်က မီးပွိုင့်ကိုတောငိ သတိမထားမိမလိုဖြစ်သွားသေးသည်။View point ကိုရောက်တော့ ဝိတ်တာလေးတစ်ယောက်က လာကြိုပေးပြီး အပေါ်ဆုံးထပ်မှ သီးသန့်ခန်းဆီသို့ ခေါ်သွားသဖြင့် ရိပ်ထင်စိတ်ထဲ ပိုလို့ တွေးမရဖြစ်သွားသည်။
အခန်းဆီရောက်တော့ ကြိုရောက်နှင့်နေသည့် ကိုမင်းမြတ်ကုဋေဟန်နှင့်သူ၏အမျိုးသားဖြစ်သူ ကိုပုန်းညက်ဦးညိုကိုပါတွေ့လိုက်ရသည်။“Sorry ပါခင်ဗျာ ကျွန်တော် နောက်ကျသွားတယ်...“
“နောက်မကျပါဘူးဗျာ ကိုယ်တို့လည်း အခုမှရောက်တာ ထိုင်ပါဦး ကိုရိပ်ထင်...”
ကုဋေ အပြုံးတစ်ခုနှင့်ပြောလိုက်သည်။“ဟုတ်ကဲ့...”
ထို့နောက် ရေနွေးခွက်တစ်ခွက်ကိုကမ်းလာပေးသဖြင့် ရိပ်ထင် လေးစားသမှုနှင့် လှမ်းယူလိုက်သည်။
ဘေးမှာထိုင်နေသော ကိုကုဋေအမျိုးသားကလည်း ပြုံးပြသဖြင့် ရိပ်ထင် ပြန်ပြုံးပြလိုက်သည်။ကိုကုဋေအမျိုးသားနှင့် ၂,၃ခါမက ဆုံဖူးတာမို့ အရမ်းတော့မစိမ်း။“ကိုရိပ်ထင်နဲ့ကိုယ်တို့မတွေ့ဖြစ်တာအတော်လေးကြာပြီနော်...နောက်ဆုံးတစ်ခေါက်က ရာသစ်အိမ်ယာစီမံကိန်းထင်တယ် ကိုယ်ပြောတာ ဟုတ်လား...”
“ဟုတ်တယ်ဗျ...မတွေ့ဖြစ်ဆို ကျွန်တော်လည်း အခုနောက်ပိုင်း လုပ်ငန်းအသစ်တွေတိုးချဲ့နေတာကြောင့် စီးပွားရေးပွဲတွေမတက်ဖြစ်တော့တာကြောင့်လည်းပါတယ်ဗျ...”
“ဒါနဲ့ ကိုရိပ်ထင်မှာ တူလေးတစ်ယောက်ရှိတယ်လို့ကြားတယ် ....”
“ဟုတ်တယ်ဗျ ကိုကုဋေ သားကြီးနဲ့ရွယ်တူလောက်ထင်တယ် အခု AKAကုမ္ပဏီမှာ အလုပ်ဆင်းနေတယ်ဗျ...ကျွန်တော့်လုပ်ငန်းကိုတော့ စိတ်ဝင်စားပုံမရပါဘူးဗျာ သိပ်ကိုခေါင်းမာတဲ့ကလေး...”