Episode 27(Uni/Zaw)

9.8K 541 71
                                        

Unicode

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၂၇)

စူးစူးနစ်နစ်နမ်းရှိုက်နေတဲ့ နှုတ်ခမ်းပါးတွေ တစ်ချက်တစ်ချက်မှထွက်လာသည့် အသက်ရှူသံပြင်းပြင်းတွေ  စသည့်စသည့် အရာအားလုံးက အနှေးပြကွက်များလို တစ်ညလုံးမြင်နေရုံသာမက မနက်မိုးလင်းထိ‌တိုင် မြင်ယောင်နေသောကြောင့် လေးညှို့စိတ်ထဲ တီးတိုးကျိန်ဆဲမိလိုက်သည်။
အရမ်းစွဲမက်ပြီး ရူးသွပ်ဖွယ်ရာ ပထမဆုံးအနမ်းပင်။

တစ်ခါမှရည်းစားမထားဖူးတဲ့သူက ဘာလို့အဲ့လောက်တောင် ကျွမ်းကျွမ်းကျင်ကျင်နမ်းတတ်နေရတာလဲဟုတွေးမိတော့ စိတ်ထဲအနည်းငယ်ငြိုချင်ချင်ဖြစ်လာသည်။

ပထမဆုံးအနမ်းမှာ အသက်ရှူမဝဖြစ်ပြီး မကြာခင်အောက်ဆီဂျင်ပြတ်သွားတော့မည်ဟု ခံစားရသောကြောင့် အချက်ပြသော်လည်း လုံးဝ လွှတ်မပေးလာသူက နှုတ်ခမ်းကို ခတ်ဆတ်ဆတ်လေးဖိကိုက်လိုက်မှ လွှတ်ပေးလာသည်။

သွေးစများကိုအရသာခံမိသောကြောင့် လူကစိတ်ပူမိသွားသော်လည်း ပြောလာသည့်စကားက တကယ်ဖြတ်ရိုက်ချင်စရာလေးပင်။

“လေး နာသွားလားဟင် မောင် တောင်းပန်ပါတယ် မောင် နမ်းချင်သေးတယ်...”
ပြောပြီး ထပ်နမ်းဖို့ ပြင်လာသူက နာမည်ကိုခပ်တင်းတင်းခေါ်လိုက်တော့မှ ရပ်သွားသည်။အိမ်ပြန်ရဦးမှာပြောမှ သတိရသွားဟန်ဖြင့်တောင်းပန်လာသူက အိမ်ထိအရောက်ပြန်ပို့သွားသည်။
မဟုတ်လျှင် လေးညှို့တို့ ဒီကားပေါ်တင် မနက်မိုးလင်းသွားနိုင်လောက်သည်။

လေးညှို့ မျက်စိရှေ့က ရေစက်များဖြင့် စိုနေသော မိမိနှုတ်ခမ်းပါးကို ကိုင်ရင်း ထပ်ခါတလဲလဲမြင်လာသော မြင်ကွင်းများကို မနည်းနှင်ထုတ်ပြီး ရုံးသွားဖို့ပြင်လိုက်သည်။
မဟုတ်လျှင် ဒီနေ့အတွက် ရုံးသွားဖို့ အတော်ခက်လိမ့်မည်။

တွေးနေတုန်းပဲ ဝင်လာသော သီးခြား ဖုန်းသံကြောင့် လေးညှို့ အမြန်ကိုင်လိုက်ကာ လည်ချောင်းရှင်းလိုက်သည်။

“ဟယ်လို...”

“မောင့်လေး နိုးပြီလား...”

“အင်း!ခုနကပဲနိုးတာ...”

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Complete)Место, где живут истории. Откройте их для себя