Episode (7)(Uni/Zaw)

13.6K 783 240
                                        

Unicode

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၇)

တစ်မနက်လုံး စိတ်မကြည်မလင်မှုများကြောင့် တွန့်ကွေးနေသည့် လေးညှို့စိမ်း၏ မျက်ခုံးတန်းများက နေ့ခင်းLunch Break ရောက်သည်အထိ ပြန်ပြေမလာတော့။
Broccoliနဲ့ကြက်တောက်တောက်ကြော်လေးကို တစ်ခါသုံး ထမင်းဗူးလေးတွေထဲထည့်လိုက်ကာ ထမင်းကိုအနည်းငယ်ထည့်လိုက်ပြီးနောက် ဟောခန်းထဲက အနီးစပ်ဆုံးခုံမှာ ဝင်ထိုင်လိုက်သည်။
ထို့နောက် ထမင်းပန်းကန်ထဲမှ စိမ်းဖန့်ဖန် အပွင့်ကြော်လေးကိုကြည့်ရင်း ခရင်းဖြင့်ထိုးချလိုက်ကာ ပါးစပ်ထဲသွပ်ပြီး စိတ်မပါစွာဝါးလိုက်ကာ ထမင်းပန်းကန်လေးကို ဇွန်းလေးဖြင့်ဆွရင်း အခုထိပေါ်မလာသေးသည့် ငစိုင်းကိုစောင့်နေလိုက်သည်။

ထမင်းစားချိန်နှင့်အနားယူချိန်က စုစုပေါင်း 1နာရီခန့်အချိန်ပေးထားသည်မို့ အေးဆေး စားလို့ရသည်။ထို့အပြင် ကော်ဖီနဲ့တခြား သောက်စရာအအေးမျိုးစုံလည်း အရန်သင့်ထားပေးထားသည်မို့ နေ့လည်စာစားပြီး တစ်ခုခုသောက်ရမှ ကျေနပ်တတ်သည့် သူ့အတွက်တော့ ဒီကုမ္ပဏီက တကယ်ပဲအဆင်ပြေပါသည်။ တစ်ခုတည်းသော ဟိုအချိုးမပြေသည့်Bossနှင့်သူ့အကိုကလွဲလျှင် ကျန်သည့်အရာများက လုံးဝအိုကေမှာစိုပြည်ပင်။တစ်မနက်လုံး တခွီးခွီးဖြင့် တက်‌သွားပြီလားအောက်မေ့သည်အထိ သူ့ကိုကြည့်ကာ အားနည်းမှုမရှိရယ်နေပါသော မျက်ဝန်းပြာများနှင့်ပုဂ္ဂိုလ်ရော၊ ဘယ်လိုအဓိပ္ပာယ်တွေနှင့်ဘာမှန်းမသိသည့် သူ့ရင်မှပေါက်ဖွားလာတဲ့သားလေးလို အရိပ်တကြည့်ကြည့် ကြည့်နေသည့် Bossဆိုသည့် ပုဂ္ဂိုလ်ရောက ဘယ်ဘဝကရေစက်တွေကြောင့်အခုလိုလာဆုံလည်းမသိ။စိတ်ရှုပ်ဖို့တော့ကောင်းကြ၏။

လေးညှို့ အတွေးပေါင်းစုံဖြင့် ထမင်းကိုမစားမိဘဲ ပန်းကန်ထဲမှကြ‌‌က်တောက်တောက်ကြော်ကိုသာ ခရင်းဖြင့် ကြက်နုတ်နုတ်ကြော်ဖြစ်အောင် ထိုးစွနေမိသည်။ထိုအချိန် လောလော၊‌လောလော ဖြင့် သုတ်တီးသုတ်ပြာ ဝင်လာကာ ထမင်းတွေအမြန်သွားထည့်နေသော ငစိုင်းကြောင့် လေးညှို့ နာရီကိုတစ်ချက်ကြည့်လိုက်ရာ ၁၂ခွဲနေပြီဖြစ်သည်။

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Complete)Donde viven las historias. Descúbrelo ahora