Episode (44)(Uni/Zaw)

2.8K 216 64
                                    

Unicode



🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၄၄)

မင်းမြတ်ဧကဦးမာန်တို့ စုံတွဲထွက်သွားတော့ ပါတီပွဲတွင် လေးညှို့တို့ပဲကျန်နေခဲ့ကာ ဝတ္တရားအရ လေးညှို့တို့ကပဲ ဆက်ဧည့်ခံနေလိုက်သည်။

ကုမ္ပဏီမှ အသိတစ်ချို့လဲပါသဖြင့် လေးညှို့ သူတို့ဝိုင်းမှာပဲ ထိုင်နေလိုက်သည်။သက္ကရာဇ်ဦးညိုကတော့ သူ့မိတ်ဆွေဖြစ်ဟန်တူသည့် ကောင်လေးတစ်ယောက်မှ လာခေါ်သွားလေသည်။

“သက္ကရာဇ်ဦးညို မင်း တကယ် အိမ်ထောင်ပြုတော့မှာလား...”

“အွန်း!ဟုတ်တယ်”

“Wow!!!!! အဟ ရည်းစားတစ်ခါမှ မထားဘူးတဲ့ကောင်က ပထမဆုံးရည်းစားလေးနဲ့တင် အိမ်ထောင်ပြုတော့မယ်ပေါ့..”

“အဟွန်း! ”

သက္ကရာဇ်ဦးညို၏ ဂုဏ်ယူခြင်း လေးနက်ခြင်းနှင့် သဘောကျခြင်းများ ပါဝင်သော ရယ်သံကြောင့် အာကာဝဠာစိုး မယုံနိုင်စွာအံ့ဩရသည်။
မတွေ့ရတဲ့နှစ်တွေအတောအတွင်း ရည်းစားလေးတစ်ယောက်လောက်တောင် ရပါ့မလား စိုးရိမ်ခဲ့ရတဲ့ ကောင်က အိမ်ထောင်ပြုတော့မယ်ဆိုတဲ့သတင်းကြားတော့ သူ့အံ့ဩပြီး ကိုမင်းမြတ် လက်ထပ်ပွဲအမှီပြန်လာခဲ့တာဖြစ်သည်။

“လေးက ကိုယ့်အတွက် တစ်ဦးတည်းသောမြတ်နိုးရသူ!ရည်းစားမဟုတ်ဘူး!”

“အဟက်!ဟုတ်ပါပြီကွာ အားကျပါတယ် ခုလို စောစောစီးစီး အချစ်နဲ့ကြုံတွေ့ခဲ့ရလို့ မင်းအတွက် အရမ်းဝမ်းမြောက်ပါတယ်...”

“မင်းရော!“
သက္ကရာဇ်ဦးညို ပြုံးရင်း မေးလိုက်သည်။အာကာဝဠာစိုးက သူနှင့် အထက်တန်းကျောင်းတုန်းက ခင်ခဲ့တဲ့သူဖြစ်ပြီး ဆယ်တန်းပြီးတော့ မိသားစုလိုက် ဩဇီကို ပြောင်းရွှေ့သွားကြသဖြင့် မတွေ့ဖြစ်ကြတော့တာဖြစ်သည်။

“ငါလား...အဟက်!“

အာကာ ရှေ့မှာ ဟိုတစ်စ ဒီတစ်စ ကျနေသည့် ဆံပင်များကို လေဖြင့် အသာမှုတ်လိုက်ကာ  ဂရုမစိုက်ဟန်ဖြင့် ရယ်လိုက်သည်။သူ့အတွက် အမှန်တိုင်းပြောရရင် ရည်းစားတွေအများကြီးရှိသည်ပင်။ခက်တာက အချစ်ဆိုတဲ့ ခေါင်းစဉ်အောက် မည်သူမှ မရောက်နိုင်သလို အကုန်လုံးက ရည်းစားဆိုတဲ့ခေါင်းစဉ်အောက်မှ အေးအေးချမ်းချမ်း အပေးအယူမျှနေကြတာဖြစ်သည်။ဆံပင်အနက်ရောင်ထဲကိုမှ ငှက်ခါးနှင့်ဆင်စွယ်ရောင်ဆံပင်များ Highlightဖောက်ထားသော သူ့ပုံစံက လမ်းသရဲနှင့်မတူဘဲ တမူလိုက်ဖက်ကာ ချောမောနေလေသည်။ရှည်လျားတဲ့အရပ် ဖြူ‌ဝင်းတဲ့အသားအရေ စူးရှရှ မျက်ဆံနက်တွေနှင့် အာရှမှidolများနှင့်တောင် အထင်မှားခံရသဖြင့် သူ့ဘေးနား လိပ်ပြာလေးတွေဟာလဲ မစဲ။အချစ်ကို အယုံအကြည်မရှိတာမျိုးမဟုတ်ဘဲ မချစ်ဖူးသေးတာဖြစ်သည်။

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Complete)Where stories live. Discover now