Episode 32(Uni/Zaw)

9.3K 525 127
                                        

Unicode


🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၃၂)

၁၂နာရီမထိုးခင် နေ့တစ်ပိုင်းခွင့်ယူသွားသော Bossကြောင့် ကြယ်စင်အံ့ဩသွားရသည်။သူတို့Bossက တစ်ခါမှ အလုပ်ချိန်တွင်းမပျက်ကွက်ဖူးသဖြင့် အခုအခြေအနေက သူမတို့အတွက် အံ့ဩဖို့ရာ လုံလောက်နေလေ၏။

သူ့ကောင်လေးနဲ့များသွားDateလို့လားဟုတွေးမိသော်လည်း မဖြစ်နိုင်။လေးညှို့စိမ်းကို ခုနကမှ သူ့ဌာနမှာ တွေ့ခဲ့သည်ဖြစ်၏။အရေးကြီးကိစ္စဟုပြောသွား၍ မိသားစုအရေးလည်း ဖြစ်နိုင်တာမို့ ကြယ်စင်သိပ်မတွေးလိုက်တော့ပေ။

ထိုအချိန် ဌာန၄ဘက်မှ ခွင့်စာတစ်စောင်တက်လာသဖြင် ကြည့်လိုက်ရာ သူ့ကောင်လေးဖြစ်နေသည်။

“မောင်က ဘာကိစ္စရှိလို့ပါလိမ့် ....နေမကောင်းလို့များလား...မနက်ကတွေ့တုန်းကတော့ အကောင်းကြီးပါ...ဘာဖြစ်လို့ပါလိမ့်...”
သူ့အား ဘာမှအသိပေးမသွားသဖြင့် ကြယ်စင် အတွေးများရင်း ညကျမှ မေးကြည့်ရမယ်ဟုတွေးထားလိုက်သည်။

လေးညှို့ကတော့ ရည်စားလေးခွင့်ယူတာလည်းမသိလိုက် သူငယ်ချင်းဖြစ်သူခွင့်ယူသွားတာလည်းမသိလိုက်ပေ။

တစ်ဖက်တွင် တစ်နေ့လုံး အလုပ်မသွားဘဲ ပိုင်ဆိုင်မှုစရင်းကို စီစစ်နေသော မှိုင်းညှို့ရိပ်ထင်မှာလည်း ရှေ့နေနှင့် ဖုန်းမှတစ်ဆင့် တိုင်ပင်ဆွေးနွေးနေပြီး လွှဲပြောင်းသင့်တာတွေလွှဲဖို့ လုပ်နေလေသည်။သူမတွေးထားမိခဲ့သည်က ဒီနေ့ သူ့ဆီကို ‌တူလာတောင်းသည့်သူနှင့် အယူခံဝင်မယ့်သူနှစ်ဦး ရောက်လာမည်ဆိုတာကိုပင်။

သက္ကရာဇ် ချစ်ရသူ၏ အိမ်ရှေ့ကိုရောက်တော့ ကားပေါ်မှမဆင်းခင် အရင်‌ဆုံး စိတ်ကိုတည်ငြိမ်အောင်ထားလိုက်သည်။မနက်ခင်းကတည်းက စုံစမ်းထားသောသတင်းအရ ဒီနေ့ဦးမှိုင်းညှို့ရိပ်ထင် ခွင့်ယူထားသည်ဟုဆို၏။ထို့ကြောင့် အိမ်ကိုလိုက်လာခဲ့ခြင်းဖြစ်သည်။သူ့စိတ်ထဲသေချာဆုံးဖြတ်ထားသည်။ဒီနေ့ ဦးမှိုင်းညှို့ရိပ်ထင်ထံမှ ခွင့်ပြုချက်ကိုမရမချင်း သူလုံးဝမပြန်ဟုဆုံးဖြတ်ထားသည်။

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Complete)Where stories live. Discover now