Final Episode (45)(Uni/Zaw)

19.5K 596 106
                                        

Unicode



🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၄၅) ဇာတ်သိမ်းပိုင်း

ဧည့်ခန်းထဲရှိ လေထုဟာ အနည်းငယ် ငြိမ်သက်နေပြီး ကုဋေနှင့် ဦးညိုတို့ ရှေ့က တင်တောင်းပစ္စည်း လက်ဝတ်လက်စားများ၊ စာချုပ်များနှင့် သော့ခ်တွဲတစ်ချို့ကို တစ်လှည့် ဘေးဘက်မှာ မျက်လွှာချပြီး တစ်ယောက်လက်ကို တစ်ယောက်ကိုင်လျှက် ငြိမ်နေသည့် ကလေးနှစ်ယောက်ကိုတစ်လှည့် မျက်စိရှေ့မှ ယုံကြည်မှုရှိရှိ တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေပါသော ကိုရိပ်ထင်ကိုတစ်လှည့် ကြည့်ရင်း စကားကို ဘယ်လို စပြောရမှန်းမသိဖြစ်နေသည်။

ရုတ်တရက် ရောက်ချလာသည့် တောင်းရမ်းပွဲမို့ ဘာမှမပြင်ဆင်ထားမိဘဲ အိမ်နေရင်း အဝတ်အစားများနှင့်ဖြစ်ကာ ကလေးနှစ်ယောက်ကလဲ ရုံးကအမြန်ပြေးလာခဲ့တာကြောင့် ချွေး အနည်းငယ်ပင် စို့နေကြသေးသည်။ကိုမှိုင်းညှို့ရိပ်ထင် တစ်ယောက်ထဲကသာ စတစ်၊ပုဆိုးဖြင့် လူကြီးလူကောင်းဆန်ဆန်ဝတ်ဆင်ထားပြီး ရှေ့နေတစ်ချို့နှင့် အသိသက်သေ လူကြီး တစ်ချို့ပါ တစ်ခါတည်း ခေါ်လာသည်ကိုတွေ့ရသည်။
ကလေးနှစ်ယောက်ကလည်း မထင်မှတ်ထားပုံဖြင့် ငြိမ်နေသောကြောင့် ကုဋေတို့ကပဲ ကိုမှိုင်းညှို့ရိပ်ထင်ဆီက စကားစကို နားစွင့်နေလိုက်သည်။

“အဟမ်း!”

ရိပ်ထင် တိတ်ဆိတ်နေသော အခြေအနေကို အစပျိုးရန်အတွက် ချောင်းကို အသာဟမ့်လိုက်သည်။အခုအခြေအနေက ဘယ်သူမှမထင်မှတ်ထားတာဖြစ်သောကြောင့် ပြင်ဆင်ချိန်‌မရမှန်း သူသေချာသိသည်။သူ့အနေနှင့် အလျင်စလိုမလုပ်ချင်။သို့သော် မလုပ်လို့ကလဲမရ။မူလက လကုန်ပိုင်းမှစီစဉ်ထားသော်လည်း ဟိုနေ့က သူ့တူ အိမ်ပြန်လာတော့ အခြေအနေအချို့ကို ရိပ်ထင် ရိပ်စားမိခဲ့ရသည်။မျက်နှာပူလွန်းလို့ ထိုအကြောင်းအရာများကို ပြန်မတွေးချင်သော်လည်းမတော်တဆမြင်လိုက်ရသော အမှတ်အသားများကြောင့် သူ့မှာ ရင်ထုမနာဖြစ်ခဲ့ရသည်။

ကိုယ်က အခွင့်အရေးယူခံရမှာ စိုးရိမ်ပါတယ်ဆို တူဖြစ်သူက ကြောင်ရှေ့တည့်တည့်သွားပြီး မော်ဒယ်လျှောက်ပြနေသော ငါးကင်လိုဖြစ်နေသည်။
အမျိုးမျိုး စဉ်းစားကြည့်ခဲ့ဖူးသော်လည်း လက်တွေ့တွင် သူ့အတွက်မလွယ်ကူခဲ့။ထို့ကြောင့် ကိုယ့်တူဘက်က အခုလို ဝိဝါဟခဲ့ပြီးရင် ကိုယ်က မဖြေမနေ အာဝါဟပေးရတော့မည်ဖြစ်သည်။ပြန်တွေးကြည့်တိုင်း တနုံ့နုံ့နှင့် အခွင့်အရေးယူခံရသော တူဖြစ်သူကြောင့် မကျေမနပ်ဖြစ်မိသော်လည်း တတ်နိုင်တာမရှိ။လေးညှို့‌စိမ်းက အခွင့်အရေးယူခဲ့ရင် ဒီချိန် ဒီနေရာမှာ သူက စင်ပေါ်ကလူလိုမော်ကြွားနေနိုင်လိမ့်မည်။ခုတော့ လက်ဦးမှုယူ တောင်းရမ်းကာ အခြေအနေကို ထိန်းဖို့ပဲ တတ်နိုင်တော့သည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Sep 28, 2024 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Complete)Donde viven las historias. Descúbrelo ahora