Episode (36)(Uni/Zaw)

1.6K 192 10
                                    

Unicode



🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၃၆)

ထိုနေ့ညနေပိုင်းက လေးညှို့တို့ လန်ဒန်မျှော်စင်ကိုသွားဖြစ်ခဲ့ပြီး ညပိုင်းရောက်မှ ဟိုတယ်ရှိရာဆီပြန်လာဖြစ်ခဲ့ကြသည်။

ခရီးပမ်းထားသည့်ဒဏ်နှင့်ညနေပိုင်းတစ်လျှောက်လုံး လည်ပတ်ခဲ့သဖြင့် ဟိုတယ်‌ပြန်ရောက်တော့ လေးညှို့ ဟန်ပင်မဆောင်နိုင်အောင် တန်းအိပ်ပျော်သွားသည်။

သက္ကရာဇ် အေးချမ်းစွာအိပ်ပျော်နေသော လေး၏ ဘေးတိုက်မျက်နှာလေးကို ငေးကြည့်ရင်း ပြုံးနေမိကာ ဒီလိုလေး တစ်ဘဝ‌လုံး လေးနှင့်အတူတူ ရှိသွားချင်သည့် စိတ်ဆန္ဒများဟာ သူ့နံဘေးနား လည်ပတ်ကခုန်နေကြသည့်အလား ပြင်းပြင်းထန်ထန်ခံစားနေရသည်။ဖြစ်နိုင်လျှင် ‌ခရီးကပြန်ရောက်ပြီးချက်ချင်း သွားတောင်းလိုက်ချင်‌သော်လည်း သူလုပ်လို့မဖြစ်။ဦးမှိုင်းညှို့ရိပ်ထင်ကို သူလေးစားမှုထားရမည်ဖြစ်သည်။

“မောင် ရူးလောက်အောင် လေးကိုပိုင်‌ဆိုင်ချင်နေပြီဆိုတာ လေးသိရဲ့လား...ဟင်...“

“အဟွန်း!စိတ်ချလက်ချအိပ်နေတာပဲ...“

နှာဖူးပေါ်မှာအနည်းငယ်ကျနေသည့် ဆံစများကို လက်ညှိုးလေးနှင့် အသာဖယ်ရင်း နက်မှောင်ပြီး တန်းနေသော မျက်ခုံးများ၊ဖြောင့်ဆင်းနေသော နှာတံ၊ပိရိသေသပ်စွာစေ့ပိတ်ခံထားရတဲ့ နှုတ်ခမ်းပါးနှင့် တိုစိပ်စိပ် မျက်တောင်မွှေးလေးများကို သက္ကရာဇ် မျက်တောင်မခတ်တမ်း မိနစ်အတော်ကြာသည်အထိ ကြည့်နေမိသည်။

စိတ်မထိန်းနိုင်တော့သဖြင့် တိုစိတ်စိတ် မျက်တောင်မွှေးလေးတွေပေါ်တစ်ခါ၊နှာခေါင်းနှင့်ပါးလေးကြားကအချိုင့်နေရာလေးကိုတစ်ခါ လေးထောင့်ကျကျတည်ရှိနေတဲ့ နှဖူး‌ပြင်လေးကို တစ်ခါ နမ်းလိုက်မိသည်။အနမ်းသခိုးလေးလုပ်ပြီးမှ လေးနိုးသွားပြီလားစိုးရိမ်စွာ စောင့်ကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောသူကြောင့် ထိုနေရာလေးများကိုပဲ ထပ်ခါထပ်ခါနမ်းနေမိသည်။

နမ်းလို့မဝသေးပေမယ့် ထပ်နမ်းရင် လေးနိုးလာတော့မည်ဟု ခံစား‌ရသောကြောင့် စိတ်ကိုထိန်းလိုက်ကာ ခြေလက်ဆေးဖို့ ရေချိုးခန်းထဲသွားလိုက်သည်။
ထို့နောက်အခန်းတွင်းက Aircon ကို တိုးလိုက်ပြီးနောက် နံဘေးလွတ်နေသည့်နေရာတွင် ဝင်လှဲလိုက်ကာ လေး ရင်ဘတ်ထိရောက်အောင် စောင်အပါးလေးလွှားတင်ပေးလိုက်သည်။

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ