Episode (42)(Uni/Zaw)

9.3K 450 38
                                        

Unicode



🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၄၂)

“ရာဇ်....”

“......”

“ရာဇ်!”

“.......”

“သက္ကရာဇ်ဦးညို မင်းနိုးနေပြီဆိုတာ ကိုယ်သိတယ်နော်...“
လေးညှို့ လူကိုအတင်းဖက်ထားပြီး အိပ်ချင်ယောင်ဆောင်နေသော သက္ကရာဇ်ဦးညိုကို ကြည့်ကာ ရယ်ချင်သွားသည်။တစ်ညလုံး ရင်ခွင်ထဲထည့်ဖက်ခံထားရတာမို့ ခြေလက်တွေတောင် သွေးမလျှောက်တော့သလို ခံစားရသည်။အခုလည်း သူတကယ်အိပ်ပျော်နေပါတယ်ဆိုတဲ့ပုံစံဖြင့် မလှုပ်လာသောကြောင့် လေးညှို့ အသည်းတွေယားလာကာ မျက်စိရှေ့ ရင်ဘတ်ကို ငုံ့ကိုက်လိုက်သည်။

“အ!”

“အခု နိုးပြီလား...”

“အဟွန်း!မနိုးသေးဘူး...”

“ထတော့ကွာ ကိုယ်ညောင်းနေပြီ...”
လေးညှို့  ပြုံးနေသူ၏ မျက်နှာကိုကြည့်ကာ ပြောလိုက်တော့ စိုက်ကြည့်လာသည်။

“ထချင်ပြီလား!”

“အင်း!”

‌“မောင့်ကိုနမ်း!”

“ဘာဆိုင်လို့လဲ!သက္ကရာဇ်ဦးညို မင်းအကြံဒါအကုန်ပဲလား...”

“နည်းနည်းတော့ရှိသေးတယ်လို့ ထင်တာပဲ...”

“ဪ ဟုတ်လား တကယ်တတ်လည်းတတ်နိုင်တယ်နော် မင်း !”

“အဟွန်း!မောင့်ကိုနမ်း! Morning kiss!”

“အဟင်း! လာ အနားတိုး !”
နောက်ဆုံး အရှုံးပေးရသူက လေးညှို့ပဲဖြစ်ကာ ငုံ့ကျလာသည့် မျက်နှာချောချောလေးကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ကာ အနမ်းပေးဖို့ပြင်လိုက်သည်။

သက္ကရာဇ် ခန္ဓာကိုယ်ကို အနည်းငယ်ကြွလိုက်ကာ နှဖူးလေးကို အနားတိုးပေးလိုက်သည်။

“ပြွတ်စ်!”

“နှာခေါင်းလေးပေးပါဦး!'

“ပြွတ်စ်!”

“ပါးလေးရော!”

“အဟင်း! ပြွတ်စ်!”

“နှုတ်ခမ်းလေးရော!”

“ရော့ကွာ ပြွတ်စ်!ပြွတ်စ်!ပြွတ်စ်!'

“အဟွန်း!”

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Complete)Место, где живут истории. Откройте их для себя