Episode 31(Uni/Zaw)

9.4K 519 73
                                        

Unicode

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၃၁)

လေးညှို့ မနေ့ညက ဘယ်လိုအိပ်ပျော်သွားလဲမသိလိုက်ပေ။ခေါင်းခြောက်အောင်သုတ်ရင်း laptop ကနေ video တစ်ချို့ကြည့်နေတုန်း အိပ်ပျော်သွားတာ ဖြစ်လိမ့်မည်ဟုတွေးရင်း ဖုန်းကိုယူကြည့်လိုက်ရာ ရာဇ်ဆီမှ စာပို့ထားတာတွေ့လိုက်ရသည်။

🦋အိပ်သွားပြီလား....

🦋မောင့်လူကြီးလေး အိပ်သွားပြီပဲ...

🦋Good night မောင့်အချစ်....ချစ်တယ်...

စာလေး သုံးကြောင်းကို လေးညှို့ 10ခေါက်ထပ်မနည်းအပြန်ပြန်အလှန်လှန်ဖတ်လိုက်ပြီးနောက် ပြုံးနေမိသည်ကမရပ်တော့။

“သက္ကရာဇ်ဦးညိုက ဘာတွေစားလို့ ဒီလောက်ထိ စကားတတ်ရတာလဲ...ဒီလောက်ချစ်စရာကောင်းနေမှတော့ ကိုယ့်မှာ မင်းကိုချစ်နေတာတွေ ဘယ်လိုနိုင်အောင်ထိန်းရတော့မလဲကွ...ဖြည်းဖြည်းချင်းချစ်စရာကောင်းပါကွာ...“

တစ်ယောက်ထဲ မချင့်မရဲ တီးတိုးရေရွတ်မိပြီးနောက် လေးညှို့ စာတစ်ချို့ပို့လိုက်ကာ ရုံးသွားဖို့ပြင်လိုက်သည်။ဖုန်းခေါ်နေဦးမည်ဆိုးသဖြင့် ရုံးရောက်ရင် သူ‌ဖုန်းခေါ်လိုက်မည်ဟု တစ်ခါတည်းပို့ထားလိုက်သည်။တကယ်တော့ ဒီနေ့ လေးညှို့တစ်ခြားအရေးကြီးကိစ္စတစ်ခု လုပ်စရာရှိနေတာဖြစ်သည်။ထိုကိစ္စက သူ့ဦးလေးအား သူနှင့်ရာဇ်အကြောင်း ဖွင့်ပြောဖို့ရာဖြစ်သည်။သို့သော် ဘယ်ကစပြောရမလဲ စဉ်းစားလို့မရဖြစ်နေသောကြောင့် လေးညှို့ အခွင့်အရေးရှာပြီး ဒီနေ့ ရအောင်ပြောရမည်ဟုပဲ ဆုံးဖြတ်ထားလိုက်သည်။

ထို့နောက် ရေအမြန်ချိုးလိုက်ကာ သူ့ဦးလေးမရောက်ခင် အောက်ကိုရောက်နှင့်နေပြီးသား‌ဖြစ်အောင် အမြန်ပြင်ဆင်လိုက်သည်။ပြီးနောက် အောက်ထပ်ကိုအမြန်ဆင်းလာကာ ကြီးနုဆီသွားလိုက်ပြီး မနက်စာ ဘာလုပ်ထားလဲ သွားမေးလိုက်သည်။

“ကြီးနုရေ...”

"သားသားလေး အစောကြီးဆင်းလာပါလားရှင့်...”

“ဟုတ်တယ် သား လုပ်စရာကိစ္စလေးရှိ‌လို့...ဒါနဲ့ ကြီးနု မနက်စာဘာချက်ထားလဲဟင်...'

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Complete)Donde viven las historias. Descúbrelo ahora