Unicode
🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၂၂)တရိပ်ရိပ်မောင်းနှင်လာသော ဆိုင်ကယ်လေးက မြို့တွင်းအိမ်ယာများကိုကျော်လွန်ပြီး လယ်ကွင်းများရှိရာဘက်သို့ရောက်လာသည်။
လေထုက လက်ဆတ်နေသလို အခုအခြေအနေလေးက စိတ်ကိုတစ်မျိုးလေးကြည်လင်နေစေတာမို့ လေးညှို့ ဆိုင်ကယ်ပေါ်မှ သက္ကရာဇ်ပုခုံးကိုကိုင်ရင်း ဘေးဘီဝဲယာကို လိုက်ကြည့်နေလိုက်သည်။
ခဏမျှမောင်းနှင်ပြီးနောက် လေးညှို့တို့လစဉ် အလှူခံထွက်ဖြစ်သော ဘိုးဘွာရိပ်သာသို့ ရောက်ရှိလာသည်။လစဉ် 20ကျော်သည်နှင့် နောက်လအတွက် ကောက်ခံလို့ရသမျှ လာရောက်ကူညီဖြစ်သဖြင့် လေးညို့ တစ်လတစ်ခါ ပုံမှန်ရောက်သော နေရာလေးလည်းဖြစ်သည်။ပုံမှန်ဆို စိုင်းပြည့်စုံနှင့်လာဖြစ်တာများသည်။အခုတလော စိုင်းပြည့်စုံက သူ့မမနှင့်ပင် အချိန်ကုန်နေတတ်သောကြောင့် လေးညှို့ မခေါ်ဖြစ်ဘဲ သက္ကရာဇ်ဦးညိုနှင့်အတူတူလာလိုက်သည်။
သက္ကရာဇ် ဆိုင်ကယ်ကို အရှိန်လျှော့လိုက်ရင်း ရိပ်သာအတွင်က အရိပ်ရသည့်အပင်အောက်တွင်ရပ်လိုက်ပြီး ရိပ်သာအတွင်းက အခန်းငယ်များဆီကို လှမ်းကြည့်လိုက်သည်။
ရိပ်သာအတွင်းသို့ စိတ်ဝင်တစားကြည့်နေသော သက္ကရာဇ်ဦးညိုကိုကြည့်ရင်း...
“ခဏလောက်ဒီကစောင့်နေပေးမလား လိုက်ခဲ့မလား....”“ကိုယ်လိုက်ခဲ့မယ်....”
“အင်း!အဲ့ဒါဆို သွားရအောင်...”
လေးညှို့တို့ အခန်းထဲရောက်တော့ တာဝန်ရှိသူနှင့်သွားတွေ့၍ ဒီလအတွက် ရသမျှအလှူငွေများကို ပေးလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် ...သားလေးညှို့ရယ်...သားလေးတို့ကြောင့်သာမဟုတ်ရင် ဒီရိပ်သာက ပုံမှန်လည်ပတ်နိုင်ဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး....”
“မဟုတ်တာပါဗျာ...ကျေးဇူးတင်ဖို့ရာမလိုပါဘူး....ကျွန်တော်တို့ကတောင် ဒီလောက်ပဲကူညီပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတာ...”
“မဟုတ်တာကွယ်...သားလေးတို့အဖွဲ့က ဒီရိပ်သာအတွက်တော့ ကျေးဇူးရှင်တွေပါပဲ...”