Episode (9)(Uni/Zaw)

4.1K 404 124
                                    

Unicode

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၉)

"ကော်ဖီအေးအေးလေးသောက်ပြီး
ကိုယ့်အကြောင်းများများလေးတွေးပေးပါ.."

"ဟက်...8တန်းကျောင်းသားအကွက်တွေနဲ့..."

လေးညှို့ လှောင်ရယ်လိုက်ရင်း စာရွက်ကိုဘောင်းဘီအိတ်ထောင်ထဲမသိမသာထိုးထည့်လိုက်သည်။ထို့နောက် လုပ်ငန်းနှင့်ပတ်သက်သည့်စာရွက်များကိုထုတ်ပြီး ကြည့်လိုက်ရင်း ဆတ်ခနဲဆိုသလို မော့ကာ အခန်းထောင့်တည့်တည့်မှ cctvကိုစိုက်ကြည့်လိုက်သည်။ထို့နောက် နှုတ်ခမ်းထောင့်စွန်းများက တဖြည်းဖြည်းကော့တက်လာကာ "သောက်ပေါ"ဟူ၍ ပါးစပ်လှုပ်ရုံပြောလိုက်သည်။

Laptop Screen ကိုမျက်‌တောင်မခတ်ကြည့်နေသည့် မျက်ဝန်းညိုလေးများက ထိုအမူအရာကိုမြင်လိုက်သည့်အခိုက်တွင်တော့ ပြုံးရိပ်သန်းရုံတင်မကဘဲ နှုတ်ခမ်းထောင့်စွန်းများကပါ သဘောကျစွာကွေးတက်သွားကြကာ မေးချိုင့်လေးက ထင်းခနဲပေါ်ထွက်လာသည်။ လေး က ကော်ဖီအေးဘူးပေးတာ သူမှန်းသိနေသည့်ပုံက ရာနှုန်းပြည့်ပင်ဖြစ်သောကြောင့် ပါးနပ်ပုံလေးကိုသဘောကျမိပြန်သည်။

"အသည်းယားတယ်..."

သက္ကရာဇ် ကင်မရာမှတစ်ဆင့်မြင်နေရသော မဲ့ပြုံးလေးနှင့် သူ့အားဆဲလိုက်သည့် မျက်ဝန်းစိမ်းလေးကိုကြည့်ပြီး မချင့်မရဲနှုတ်မှ တီးတိုးရေရွတ်လိုက်သည်။ထို့‌နောက်တွင်တော့ အချိန်အတော်ကြာသည်အထိပြုံး‌နေမိရင်း ထိုအမူအရာလေးကိုပဲ ထပ်ကာတလဲလဲရစ်ကြည့်နေမိသည်။ဘေးတွင်‌တော့ လက်မှတ်ထိုးစရာရှိသည့် ဖိုင်တွဲလေးများကတော့ သခင့်၏လက်မှတ်လေးအား မျက်နှာ‌ငယ်လေးနှင့်စောင့်မျှော်နေကြသည်။

(ငချိန်းလေးမှာပြောစရာရှိပါတယ်> သားတွေက ကိုယ့်အတိုင်းပဲဆေးမမှီတော့ဘူးတော့ 🤭)

လာမည့်အပတ်ထဲတွင် ကိုယ်စားလှယ်ဆိုင်များကို အလုပ်သင်တွေပထမဆုံးဆင်းမည့်နေ့ဆို‌တာတွေးမိသွားတော့ မျက်ဝန်းညိုလေးများက အနည်းငယ်အတွေးများဖြင့်ငြိမ်ကျသွားသည်။အခုတောင်သူ့ပုံစံက‌ လေး အမြင်မှာ အရမ်းသိသာနေပြီဖြစ်သောကြောင့် ထိုနေ့တွင်သာအတူလိုက်သွားပါက သူ့ကြောင့်စိတ်ရှုပ်နေရလိမ့်မည်မှာသေချာသည်။သို့သော်လည်းမျက်နှာလေးကိုအမြဲမြင်ချင်သူမို့ လေး စိတ်ရှုပ်ရတယ်ဆိုရင်တောင် အနားမှာနေချင်နေတုန်းပင်။
ထို့ကြောင့် အတူရှိနိုင်ဖို့နည်းလမ်းကို သေချာတွေးနေရင်း နောက်ဆုံးတွင်တော့ နည်းလမ်းကိုရှာတွေ့သွားကာ စိတ်ကျေနပ်စွာပြုံးလိုက်သည်။

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Complete)Opowieści tętniące życiem. Odkryj je teraz