Episode (33)(Uni/Zaw)

1.5K 198 53
                                    

Unicode



🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၃၃)

နေ့ခင်းမှစ၍ ညနေရုံးဆင်းသည့်အချိန်ထိ အရိပ်အယောင်လေးတောင် မမြင်ရသူကြောင့် လေးညှို့ စိတ်မပျော်တော့။
ပုံမှန်ဆို ရုံးမဆင်းခင် စာတွေပို့ထားတတ်သည့်သူက အခုချိန်ထိစာတစ်စောင်မှမပို့ထားသေးသောကြောင့် လေးညှို့ရင်ထဲ ဟာတာတာဖြစ်နေလေ၏။

"အလုပ်အရမ်းရှုပ်နေတာထင်တယ်..."
လေးညှို့ ဖုန်းကိုအပြန်ပြန်အလှန်လှန်ငုံ့ကြည့ပြီး စိတ်ထဲမှာတွေးရင်း မြေအောက်ပါကင်‌ဆီသွားလိုက်သည်။သက္ကရာဇ်ဦးညို ခဏခဏပြောတတ်သော မောင်ကလွမ်းနေတာ၊မောင်လွမ်းလို့လေ စသည့်စကားများကို အစကပိုသည်ဟုထင်ခဲ့မိသော်လည်း အခုတော့ လေးညှို့သေချာနားလည်သွားပြီဖြစ်သည်။လွမ်းသည့်ဒဏ်ကို ခဏလေးတောင် သူခံနိုင်ရည်ရှိပုံမရပေ။

သက္ကရာဇ် ဦးရိပ်ထင်ဆီမှပြန်လာပြီးကတည်းက စိတ်တွေလှုပ်ရှားနေတာကြောင့် ရုံးပေါ်ပြန်မတက်တော့ဘဲ လေး ဆိုင်ကယ်ဘေးမှာစောင့်နေလိုက်သည်။မျက်မှောင်လေးကြုတ်ထားပြီး ဖုန်းကို ခဏခဏငုံ့ကြည့်နေပါသော ချစ်ရသူကိုမြင်ရသည့်အခိုက် သက္ကရာဇ် သဘောတကျပြုံးလိုက်မိသည်။လေးက သူ့ကိုမြင်ပုံမရဘဲ ဘာတွေစိတ်အလိုမကျ‌ဖြစ်နေလဲမသိ။တဖြည်းဖြည်းဆိုင်ကယ်နားရောက်လာမှ သူ့ကိုမြင်သွားသူက မထင်ထားပုံဖြင့် ခဏလောက်ရပ်သွားသည်။

လေးညှို့ စိတ်မကြည်ဖြစ်နေခိုက် ဆိုင်ကယ်နားမှာရပ်ပြီး ပြုံးကာကြည့်နေသော သက္ကရာဇ်ဦးညိုကိုတွေ့လိုက်ရသည်။တစ်နေ့ခင်းလုံးပျောက်နေသူအား အခုမှမြင်လိုက်ရသောအခါ လွမ်းသည့်စိတ်ကြောင့်ပေလား မသိ။ကြုတ်ထားသောမျက်ခုံးတန်းများကပြေလျော့သွားကာ လေးညှို့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်။

"ဘယ်လိုလုပ်ဒီရောက်နေတာလဲ..."

"မောင် လေးကို စောင့်နေတာ...."

"ရုံးဘယ်ချိန်ဆင်းသွားလိုက်တာလဲ စာမပို့ထားတော့ ကိုယ်မသိလိုက်ဘူး..."
စာမပို့သည့်အကြောင်းကို တည့်တိုးမမေးဘဲ ဝေ့မေးလိုက်တော့ ပြုံးပြီးကြည့်နေသူက ချက်ချင်း ဖြေပေးလာသည်။

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Complete)Место, где живут истории. Откройте их для себя