Episode (43)(Uni/Zaw)

1.6K 194 28
                                    


Unicode

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၄၃)

မနက်ခင်းတစ်ပိုင်းလုံး မင်းမြတ်တို့ မင်္ဂလာပွဲကြောင့် လေးညှို့ သက္ကရာဇ်နှင့်‌တောင် သေချာမတွေ့ရပေ။
ကုမ္ပဏီမှဧည့်သည်တစ်ချို့‌လဲ‌လဲလာတာမို့ သက္ကရာဇ်ဦးညိုက ထိုလူများနှင့်စကားပြောပေးနေကာ သူကတော့ ကလေးနှစ်ယောက်နှင့် လက်ဖွဲ့ငွေ ထိုင်ရေးနေလေသည်။အစက လက်ဖွဲ့ငွေလက်မခံပေမယ့် လှူဒါန်းမယ့်ဆီ ပါဝင်ချင်လို့ဆိုသည့် အကြောင်းပြချက်ဖြင့် မင်းမြတ်သူငယ်ချင်းတွေက အတင်းထည့်ကြရာ လက်ဖွဲ့ငွေ လက်ခံဖြစ်သွားခြင်းဖြစ်သည်။

ရန်ငြိမ်းထွဋ်ဆိုသည့် မင်းမြတ်သူငယ်ချင်းဆိုသည့် တစ်ယောက်ပေးသည့် နောက်ဆုံးပေါ်ဆိုင်ကယ်ကိုကြည့်ပြီး လေးညှို့ တံတွေးကိုအသာမြိုချမိသည်။အရောင်က သူ့အကြိုက်မဟုတ်ပေမယ့် ‌ပုံစံက လုံးဝသူ့အကြိုက်ဖြစ်သည်။လေးညှို့ လက်ဖွဲ့ငွေတွေကိုသေချာရေတွက်ပြီးနောက် ရာဇ်က လာခေါ်သဖြင့် ဆွမ်းကပ်သည့်နေရာသို့ ပါသွားသည်။

အနည်းငယ်ဝဲချင်နေသော မျက်ရည်များဖြင့် မင်းမြတ်ဧကဦးမာန်နှင့်သူ့အမျိုးသားကိုကြည့်နေသော ဒယ်ဒီနှင့်ပါးပါးတို့ကိုကြည့်ပြီး လေးညှို့ပြုံးမိသည်။
ဒီမိသားစုလေးက ဘယ်လောက်ချစ်ဖို့ကောင်းလိုက်ပါသလဲ။အကယ်၍ မေမေသာ ရှိနေသေးရင် သူ့မင်္ဂလာပွဲမှာ အပြုံးလေးနှင့် မျက်ရည်ကျနေမလား မသိပေ။မေမေက အရမ်းသဘောထားပြည့်ဝပြီးထက်မြတ်တဲ့မိန်းကလေးမို့ သူတို့ကို လက်မခံနိုင်မှာ မစိုးရိမ်ရပေ။အဖေဆိုသည့်သူနှင့်ပတ်သက်ပြီးတော့ သိပ်ထွေထွေထူးထူး မခံစားရတော့။သူနေပျော်သလို နေပါစေဟူသောစိတ်ဖြင့် တစ်ခဏတိုင်း ပို့ပေးတက်သည့် လက်ဆောင်များနှင့် ပိုင်ဆိုင်မှုအချို့ကို လေးညှို့ အသာပဲ လက်ခံထားလိုက်သည်။မငြင်းတာမဟုတ်ဘဲ မငြင်းချင်တော့တာဖြစ်သည်။

ချစ်ရသူကို အသာငဲ့ကြည့်မိတော့ ဝမ်းနည်းနေသည့်မျက်ဝန်းညိုတွေနှင့် အပြုံးဖျော့ဖျော့ကို မြင်လိုက်ရသဖြင့် လက်လေးကို အသာဆုပ်ကိုင်ပေးလိုက်သည်။‌သက္ကရာဇ်ဦးညို၏ သူ့အစ်ကိုကို ချစ်ပုံက လေးညှို့ တစ်ခါတစ်လေ သဝန်တိုစိတ်လေး ဝင်မိသည်အထိပင်။တစ်မိသားစုလုံးက တစ်ဦးကိုတစ်ဦး ချစ်ပုံကိုလည်း သူ့မှာအားကျရသည်။

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ