Unicode
🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၃၅)သောကြာနေ့ ၃နာရီခန့်အချိန်တွင် ရုံးခန်းထဲမှ ပုဂ္ဂိုလ်လေးက ရုံးအမြန်ဆင်းဖို့ စိတ်လောနေသလို Marketing ပိုင်းမှ ပုဂ္ဂိုလ်လေးဟာလည်း ဖင်တကြွကြွဖြင့် နာရီကို ခဏခဏကြည့်နေမိလေသည်။
လေးညှို့ ၃နာရီထိုးပြီးသွားကတည်းက တစ်စက္ကန့်တိုင်းက တစ်မ္ဘာတည်သလောက်ကြာနေသောကြောင့် စိတ်မရှည်ဖြစ်နေကာ နာရီကို မကြည်ကြည့် ကြည့်နေမိသည်။မနက်စောကတည်းက ရာဇ်က လာကြိုတာမို့ ဆိုင်ကယ်ကိုအိမ်မှာပဲထားခဲ့သလို အဝတ်အစားကအစ အကုန်လုံးက ရာဇ်ကားပေါ်မှာ အဆင်သင့်တင်ထားပြီးသားဖြစ်သည်။
ထို့ကြောင့် ရုံးဆင်းသည်နှင့် တန်းပြီး လေဆိပ်သွားရုံပင်။မြန်မာနိုင်ငံနှင့် လန်ဒန်က 16နာရီကျော်အောင် လေယာဉ်စီးရတာဖြစ်သည့်အတွက် နောက်နေ့ မနက် 10နာရီကျော်လောက်မှ ရောက်မှာလို့ ရာဇ်က သူ့က်ိုပြောသည်မို့ လေးညှို့ မူးတာဘာညာမဖြစ်ဖို့ပဲ ကြိတ်ဆုတောင်းလိုက်သည်။ထိုသို့ တရွေ့ရွေ့သွားနေသလားအောက်မေ့ရသည့် အချိန်ကို လေးညှို့ ထိုင်ရေနေရင်း သုံးနာရီခွဲသည်နှင့် စာရွက်စာတန်းများကို သေချာသိမ်းလိုက်ကာ ကားပါကင်ကို မြန်ဆန်သော ခြေလှမ်းများဖြင့် သွားသည်မှာ နောက်နားမှ ပါလာသည့်သက္ကရာဇ်ဦးညိုကိုပင် သတိမထားမိလိုက်။မနက်ကတည်းက ရာဇ်က ကားသော့ကို သူ့ဆီပေးထားတာမို့ ရာဇ်ထက်အရင် ကားဆီရောက်နေမှဖြစ်မည်။မဟုတ်လျှင် သူ့ကောင်လေး ကားဘေးမှ မတ်တပ်ရပ်ပြီး သူ့ကိုစောင့်နေရလိမ့်မည်။
သက္ကရာဇ် ရှေ့မှ အမြန်လျှောက်နေသော ခြေလှမ်းလေးကို နောက်ကနေအမှီလိုက်ရင်း တက်ကြွနေပါသော ချစ်သူလေးကို အသည်းတွေယားလာရသည်။
ဒီနေ့ည Flight က 5နာရီဖြစ်သည့်အတွက် သက္ကရာဇ်တို့ ခုချိန်သွားမှအချိန်မှီရောက်လိမ့်မည်ဖြစ်သည်။အစက ဒီနေ့ပါခွင့်ယူပြီး အေးအေးဆေးဆေးပြင်ဆင်ပြီးမှ သွားဖို့ စဉ်းစားထားသော်လည်း ချစ်ရသူက ခွင့်တစ်ရက်ထက်ပိုပြီး မပျက်ချင်ဘူးဆိုသဖြင့် သက္ကရာဇ် လေးစိတ်တိုင်းကျ လိုက်လုပ်ရတော့သည်။ပါးပါးနှင့်ကိုကိုတို့က အတင်းလိုက်ပို့မယ်ပြောသော်လည်း လေး နေရခက်နေမည်ဆိုးသဖြင့် သက္ကရာဇ် ငြင်းလိုက်သည်။