Episode 18(Uni/Zaw)

9.2K 492 19
                                        

Unicode

သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၁၈)

လေးညှို့တို့ AKA Company ကိုပြန်ရောက်တော့ ၂နာရီထိုးသွားပြီဖြစ်သည်။ဒီတစ်ခေါက် Camမှာ ပါဝင်သူတိုင်း ရုံးကိုရောက်သည်နှင့် အကုန်လုံးကိုပြန်နားခိုင်းသည်။ ခရီးက တစ်ပတ်လောက်ကြာမှာသိလို့ လေးညှို့နဲ့ငစိုင်းတို့ဆိုင်ကယ်များကို အိမ်တွင်ပဲထားခဲ့ရာ taxiငှားပြီး ပြန်ဖို့လုပ်လိုက်သည်။

ထိုအချိန် သက္ကရာဇ်ဦးညိုစီမှဖုန်းဝင်လာသောကြောင့် စိုင်းပြည့်စုံစီ လေးညှို့ အကြည့်ရောက်သွားသည်။ငစိုင်းကလည်း သူ့မမနဲ့ဖုန်းပြောနေလေရာ လေးညှို့ ကိုင်သင့်မကိုင်သင့်စဉ်းစားပြီး နောက်ဆုံး ကိုင်ချင်တဲ့စိတ်လေးက အနိုင်ရသွားသောကြောင့် ...

“ဟယ်လို....”

“လေး ပြန်တော့မှာလား....”

“အင်း ပြန်တော့မလို့....”

“ကိုယ်လိုက်ပို့လို့ရမလား....”

“အာ ရတယ် ကိုယ်Taxiခေါ်ထားတယ်....စိုင်းပြည့်စုံလည်း ပါတယ်....”
လေးညှို့  ငစိုင်းနှင့်အတူပြန်မှာဖြစ်လို့ ငြင်းလိုက်သည်။အကယ်၍ လိုက်ပို့နေပါက ဟိုငနွားက သူ့ကို သံသယအကြည့်နှင့်ကြည့်နေဦးမည်။

“အွန်း!ကောင်းပါပြီ”

“.....”

“အဲ့ဒါဆို ကိုယ် ညကျရင် ဖုန်းခေါ်လိုက်မယ်နော်....”

“အင်း! ...သဘော...”

“အဟွန်း!”

တစ်ဖက်မှ သဘောတကျရယ်သံကြောင့် လေးညှို့လည်း တီခနဲ ဖုန်းချလိုက်သည်။
တမင်ရယ်လည်းမဟုတ်တဲ့ လျှပ်တပြတ် လုပ်ရက်ဖြစ်သောကြောင့် လေးညှို့ကလေးဆန်သလိုဖြစ်သွားမလားတောင်မသိလိုက်။ငနွားကလည်း အခုထိ ဖုန်းပြောလို့ကမပြီးသေးဘူးလားမသိ။

“လေးညှို့....”

“ဘာလဲ....”

“ငါ ငါ့မမနဲ့အပြင်မှာသွားDateမလို့...မင်းလိုက်ခဲ့မလား...”

“မလိုက်ချင်ပါဘူး...”

“မင်းကလဲ....”

“ငါက မင်းတို့သမီးရီးစားချိန်းတွေ့တာကို ဘာကိစ္စ လိုက်ရမှာလဲ...ဘာလဲ ထိုင်ကြည့်နေရမှာလား...”

🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋(Complete)Donde viven las historias. Descúbrelo ahora