Zawgyi
မြန်မာပြည်သို့ ဆိုက်ရောက်မည့်
လေယာဉ်ပေါ်တွင် လိုက်ပါလာသော
လူငယ်လေးသည် လေယာဉ်ပြတင်းပေါက်
မှအဝေးရှိ တိမ်ဆိုင်များကို ငေးမောနေသည်။သူသာတိမ်ဆိုင်တွေ ဖြစ်ခဲ့လျှင် ဘယ်လောက် ကောင်းလိုက်မလဲ။ကိုယ်လိုရာကို လွတ်လပ်စွာသွားလာနိုင်မည်လား။သို့ပေမဲ့ တိမ်ဆိုင်များဖြစ်ခဲ့လျှင်တောင် သူ့ဘေးနားမှာချစ်ရသူမရှိတော့သည့်
အတွက် ပျော်ရွှင်နိုင်ပါ့မလား။"မဟာ ကိုယ်တို့ မြန်မာပြည်ဆိုက်ဖို့
နာရီဝက်လောက်ပဲလိုတော့တယ်နော်"ဇွန်လင်းမဟာ ကိုယ့်အတွေးများဖြင့် အချိန်ကုန်နေသည်မှာ လေယာဉ်ပေါ်သို့
စတက်သည့် အချိန်ကပင်။ဘေးမှ
ဒေါက်တာခွန်းလွန် စကားပြောလာသည်
မှ သတိဝင်ခဲ့သည်။"ဟုတ်ကဲ့ဗျ"
"ခေါင်းမူးသေးလား မဟာ"
"ဒီနေ့တော့ မမူးဘူးဗျ နေရထိုင်ရကောင်းပါတယ်"
"ကောင်းပြီ တဂယ်လို့ နေလို့မကောင်းရင် ကိုယ့်ကို ပြောပါ။"
"ဟုတ်ကဲ့"
တဂယ်တော့ ဇွန်လင်းမဟာသည် စိတ်ကျရောဂါ ခံစားနေရသူ ဖြစ်သည်။ရံဖန်ရံခါ
စိတ်မထိန်းချုပ်နိုင်ဖြစ်၍
သောင်းကျန်းတတ်သည်။
ထို့ကြောင့် ဘေးတွင်
ဒေါက်တာခွန်းလွန်သည် အမြဲရှိနေရသည်။အမြဲရှိနေခဲ့သည်မှာ လွန်ခဲ့သည့် ငါးနှစ်ခန့်ကပင်။ဒေါက်တာခွန်းလွန်သည် ဇွန်လင်းမဟာတို့စံအိမ်၏ မိသားစုဆရာဝန်ဖြစ်သည်။မဟာ စိတ်ကျရောဂါ ခံစားရသည့်အချိန်မှ
စ၍ မဟာ၏ ကျန်းမာရေးကို အဓိကထား
စောင့်ရှောက်ပေးရသည်။လွန်ခဲ့သည့်
ငါးနှစ်ကနှင့်ယှဉ်လျှင်တော့ မဟာ
အတော်လေး သက်သာလာပြီဖြစ်သည်။ရောဂါဖြစ်ကာစတွင် မြန်မာပြည်တွင်သာ ကုသခဲ့သည်။
သို့သော် မဟာ၏ စိတ်ကျရောဂါဖြစ်ရသည့် အကြောင်းရင်းသည် မြန်မာပြည်တွင်
ရှိသည့် တစ်စုံတစ်ဦးကြောင့်ဖြစ်ခဲ့သည်။သူစိတ်များ ကယောင်ချောက်ချားဖြစ်သည့်အခါ စံအိမ်အတွင်းရှိ ပစ္စည်းများကို ဖျက်စီး၍ ထိုသူကိုလိုက်ရှာရမည်ဆိုပြီး
အပြင်သို့ ပြေးထွက်သွားတတ်သည်။
YOU ARE READING
Romanceဂုဏ်ရှိန်ကြီးမားလှတဲ့စော်ဘွားမျိုးနွယ်ဇွန်လင်းမဟာနှင့်မှောင်ခိုဈေးကွက်မှာ လုပ်ကိုင်နေတဲ့ ကမ္ဘာဟန်တို့ရဲ့ romance ficလေးပါ။အချစ်ကို မကိုးကွယ်သင့်တဲ့ နှစ်ဦးသား ရင်ဘက်ချင်း ဘယ်လိုနီးသွားမလဲ။အခြေအနေချင်းမတူတဲ့ ပတ်ဝန်းကျင်နှစ်ခု...