Zawgyi
ယနေ့တော့ ကမ္ဘာတို့ခေါက်ဆွဲဆိုင်လေးဟာ လူစုံနေသည်
ငဖြိုးလည်း ခြေငြိမ်နေသည်။ငဘုန်းလည်း ခရီးမထွက်
ရပေ။ဒီနေ့တော့ ကမ္ဘာအလုပ်လုပ်ရသည်မှာ သက်သာနေသည်။ထိုအချိန် ဆိုင်ထဲ ဝင်လာသော ဒေါ်လေးခင်။"သားကမ္ဘာရေ သားအချိန်ရတယ်ဆိုရင် ဒေါ်လေးခင်တို့
သုံးဘီးလေးကို လိုက်ကြည့်ပေးပါအုံးကွယ် ခုစက်နှိုးတော့
ရပ် ရပ်သွားလို့ကွဲ့"
"ဟုတ် လိုက်ခဲ့မယ် ဒေါ်လေးခင်
သုံးဘီးပျက်နေတော့ လေးလေး ဒီနေ့ သုံးဘီးမထွက်
ရဘူးပေါ့"
"ဒီနေ့ မင်းတို့လေးလေးက နားတယ်ကွယ့်
ဒေါ်လေးခင်တို့ သားဆီ သွားကြမလို့"
"အော် မဟာ့ဆီလား"
"ဟုတ်တယ် သားရေ့"
လေးလေးသုံးဘီးပျက်သည့်အခါ ကမ္ဘာတို့အဖွဲ့က ပင်တိုင်
ပြင်ပေးသည်။စက်ပစ္စည်းကလိရာတွင် ကမ္ဘာ့တို့အဖွဲ့သည်
ဆရာကျသည်။ကမ္ဘာ ငဖြိုးကို ခေါ်၍ ဒေါ်လေးခင်တို့အိမ်သို့
လိုက်လာခဲ့ကြသည်။ဒေါ်လေးခင်တို့ အိမ်လေးသည် ခြေတံရှည်ပျဉ်ထောင်အိမ်
လေးဖြစ်သည်။လင်မယားနှစ်ယောက်နေစရာအတွက်
တော့ အိမ်လေးနှင့် ခြံဝင်းလေးသည် အတော်ကျယ်သည်။
ကမ္ဘာတို့ ခြံပေါက်ရောက်တော့ လေးလေးက သုံးဘီးနှိုက်နေပြီဖြစ်သည်။"လေးလေး ကျတော်တို့တောင် မစောင့်ပါလားဗျ"
"အေးကွာ လေးလေးမိန်းမက အလျင်လိုနေတော့
လေးလေးလည်း ရမလားလို့ ပြင်ကြည့်နေတာကွ"
"အလျင်လိုတယ်တော်ရေ သားလေးအတွက်
မနက်စောစောထပြီး ပြုတ်ချိုလေးလုပ်ပေးထားရတာ
သားလေးမနက်စာမှီအောင်လို့တော့်"
YOU ARE READING
Romanceဂုဏ်ရှိန်ကြီးမားလှတဲ့စော်ဘွားမျိုးနွယ်ဇွန်လင်းမဟာနှင့်မှောင်ခိုဈေးကွက်မှာ လုပ်ကိုင်နေတဲ့ ကမ္ဘာဟန်တို့ရဲ့ romance ficလေးပါ။အချစ်ကို မကိုးကွယ်သင့်တဲ့ နှစ်ဦးသား ရင်ဘက်ချင်း ဘယ်လိုနီးသွားမလဲ။အခြေအနေချင်းမတူတဲ့ ပတ်ဝန်းကျင်နှစ်ခု...