Zawgyi
တစ်ခါတစ်လေတော့လည်း တစ်နေ့တစ်နေ့ ကိုယ်ကျင်လည်နေရတဲ့ ဘဝကြီးကို စိတ်ပျက်မိသား.......
မနက်ထတာနဲ့ ဆိုင်အတွက် ဆီချက်ပြင်ပေးရ။ဒီလိုနဲ့
တစ်နေကုန်။ဟူး ခြောက်ကပ်လိုက်တဲ့ ငါ့ဘဝ......"ဟျောင့် ကမ္ဘာ ဆီချက်၂ပွဲပြင်ဖို့ ပြောထားတာ ရပြီလား"
"ရပြီ ရော့ မြန်မြန်ယူသွား"
"ဟမ် မင်းမပြောလည်း မြန်မြန်လုပ်နေပါတယ်ကွ
စားသုံးသူတွေ စောင့်နေကြရတာလေ"
"သိတယ် မင်းမျက်နာကို မမြင်ချင်ဘူး"
"ဟမ် "
ငဖြိုး ဘာမှ ပြန်မပြောတော့ဘဲ ခေါင်းသာ ရမ်းလိုက်မိ
သည်။ခုတစ်လော ဒီကောင်ဘာဖြစ်နေတယ် မသိ။
တစ်ခါတစ်လေ တစ်ယောက်ထဲ ထထရီလိုက် တစ်ခါ
တစ်လေကျလည်း မှိုင်နေလိုက်။ထိုအချိန် Rကြီးတစ်ယောက် ကမ္ဘာ့အနားရောက်လာကာ.. .
"ကမ္ဘာ ညကျ စောစောသွားကြမယ်နော်"
"ဘယ်လဲ"
"ဟာ မင်းပဲ ကလပ်သွားမယ်ဆို"
"မပြောပါဘူး ဘယ်တုန်းက ပြောမိလို့လဲ"
"မနေ့ညကလေကွာ ငါတို့ကို မင်းပဲ သွားမယ်ပြောခဲ့တာလေ"
"မသိဘူး"
"ဟမ်"
"အားအားယားယား ကလပ် ဘာလို့ သွားရမှလဲ"
"အော် မင်းပဲပြောပြီးတော့"
"မသွားဘူးကွာ မင်းတို့ဘာသာ သွားချင်သွား"
"မင်း....."
Rကြီး ပြန်ပြောမည်ပြင်တုန်း ငဖြိုးက ဆွဲခေါ်လာသည်မို့
ငဖြိုးနောက် ပါလာခဲ့သည်။"ငဖြိုး ငကို ဘာလို့ ဆွဲခေါ်လာတာလဲကွ ငါ ကမ္ဘာနဲ့
စကားပြောနေတယ်လေကွာ"
"အဲ့ကောင်နဲ့ ပြောမနေနဲ့ အဲ့ကောင်က ခုချိန် ခွေးစိတ်
YOU ARE READING
Romanceဂုဏ်ရှိန်ကြီးမားလှတဲ့စော်ဘွားမျိုးနွယ်ဇွန်လင်းမဟာနှင့်မှောင်ခိုဈေးကွက်မှာ လုပ်ကိုင်နေတဲ့ ကမ္ဘာဟန်တို့ရဲ့ romance ficလေးပါ။အချစ်ကို မကိုးကွယ်သင့်တဲ့ နှစ်ဦးသား ရင်ဘက်ချင်း ဘယ်လိုနီးသွားမလဲ။အခြေအနေချင်းမတူတဲ့ ပတ်ဝန်းကျင်နှစ်ခု...