Part(12)(Zawgyi+Unicode)

2.1K 124 2
                                    

Zawgyi

လွန်​ခဲ့​သော တစ်​လခန့်​က

ဇွန်​လင်းမဟာ ပုသိမ်​သို့ ​ရောက်​ရှိခဲ့သည်​။ အ​ကြောင်းမှာ
တော့ အသိတစ်​​ယောက်​ကို လာ​ရောက်​​တွေ့ခြင်းဖြစ်​သည်
မယ်​မယ်​တို့ကို​တော့ ခရီး​ခေတ္တထွက်​မည်​ဟု လိမ်​​ပြောခဲ့သည်​။သူ့ပါ အပါအဝင်​​ပေါ့။လာရသည့်​ အ​ကြောင်းရင်းက
တော့ စံအိမ်​တွင်​ ​ရောက်​ရှိ​နေသူ ​ရေစက်​​ကြောင့်​ပင်​။
ဇွန်​လင်းမဟာ ​ရေစက်​အ​ကြောင်းကို စုံစမ်းခဲ့တာ ​တွေ့သည့်​ အချိန်​ကတည်းကပင်​။စုံစမ်းရင်းဖြင့်​ မထင်​မှတ်
ဘဲ ​ရေစက်​နှင့်​ ပတ်​သက်​​နေသူတစ်​ဦးမှာ မိမိအသိဖြစ်​​နေ
သည်​။ပုသိမ်​တွင်​​နေသည်​ဟု သတင်းရ​သော​ကြောင့်
လိပ်​စာစုံစမ်းကာ မန်​​နေဂျာနှင့်​အတူ လာခဲ့​သော်​လည်း
ထိုသူက ခရီး​ခေတ္တထွက်​​နေသည်​ဟု သိလိုက်​ရ​သော
ကြောင့်​ ဟိုတယ်​တစ်​ခုတွင်​ ဇွန်​လင်းမဟာ တည်းခို၍
စောင့်​​နေခဲ့ရာ တစ်​လပြည့်​​တော့မည်​။

မယ်​မယ်​တို့ကို တစ်​လသာကြာမည်​ဟု ​ပြောထားခဲ့သည်​က တစ်​​ကြောင်း လုပ်​ငန်းများအတွင်​ planများကိုလည်း
တစ်​လစာသာ အစီအစဉ်​ ချခဲ့ရသည်​ကတစ်​​ကြောင်း ဖြစ်
သော​ကြောင့်​ ဇွန်​လင်းမဟာ planထပ်​ဆွဲ၍ မယ်​မယ်​တို့ကို ရက်​ကြာမည့်​ အကျိုးအ​ကြောင်း​ပြောရန်​ မန်​​နေဂျာ
ကို စံအိမ်​သို့ ပြန်​လွှတ်​ခဲ့သည်​။

စိတ်​ထဲမှ ​ကို​ရေစက်​ကို လွမ်းလာမိသည်​မို့ မန်​​နေဂျာ မပြန်​ခင်​ ဖုန်း​ပေး​ပြောရန်​ မှာလိုက်​သည်​။သို့​သော်​ မထင်​မှတ်​ထားသည်​က ဖုန်း​ပြောသူ ကို​ရေစက်​မှာ ဖျား​နေခဲ့သည်​ဆို
တော့ ဇွန်​လင်းမဟာ မ​နေနိုင်​စွာ ညတွင်းချင်း စံအိမ်​သို့
ပြန်​လာခဲ့သည်​။

စံအိမ်​အ​ရောက်​တွင်​​တော့ မိမိစိတ်​ပူသည်​မှာ အပိုမဖြစ်​ခဲ့​ပေ။ အခန်းငယ်​​လေးထဲတွင်​ အဖျားကြီးစွာ မှိန်း​နေ​သော
သူမှာ ကိုယ်​သာပြန်​မလာလျှင်​ တစ်​​ယောက်​ထဲ ကြိတ်​ခံ
နေမည့်​ပုံ။ ဇွန်​လင်းမဟာ အဝတ်​စတစ်​ခုယူကာ ​ရေစွပ်​၍
နဖူး​ပေါ် တင်​​ပေးကာ လည်​ပင်းနှင့်​ပါးများကိုလည်း အဝတ်
စိုကပ်​​ပေးလိုက်​ ခွာလိုက်​ဖြင့်​ တစ်​ညလုံး အလုပ်​ရှုပ်​​နေခဲ့သည်​။မနက်​ခင်းတွင်​​တော့ အဖျားကျသွားသည့်
သူ​ကြောင့်​ ပူပန်​မှုများ ​လျော့ကျခဲ့ရသည်​။နှိုးလာခဲ့​သော
ဟန်​​လေးကို ထိန်း​နေတုန်းမှာပဲ ဖုန်းဝင်​လာခဲ့သည်​။
နံပါတယ်​စိမ်းတစ်​ခုဖြစ်​​နေသည်​​ကြောင့်​ ခဏအကြာမှ
ကိုင်​လိုက်​မိသည်​။

လက်​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​(Complete)(လကျ​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​)(Complete)Where stories live. Discover now