Part(27)(Zawgyi+Unicode)

1.5K 81 10
                                    

Zawgyi

ရေစက်​ မနက်​​စော​စောနိုးလာခဲ့၍ ထရန်​ပြင်​လိုက်​ပြီး
အခန်းအပြင်​ထွက်​လာခဲ့လိုက်​သည်​။ဧည့်​ခန်းထဲတွင်
အိပ်​​ပျော်​​နေ​သော လူသား​လေးကိုမြင်​လိုက်​​တော့
ရေစက်​မနက်​ခင်းပိုင်း​လေးဟာ သာယာသွားခဲ့သည်​။
ထိုလူသား​လေးကို အနီးကပ်​ကြည့်​လိုက်​မိပြီး
နီရဲရဲနှုတ်​ခမ်းဖူး​လေးကို ​ရေစက်​ငုံနမ်းလိုက်​​တော့
အိပ်​​ပျော်​​နေတဲ့ ခန္ဓာကိုယ်​​လေးဟာ လှုပ်​ရှားလာသည်​။

ရေစက်​ ခဏတာနမ်းရှိုက်​လိုက်​ကာ ထိုနှုတ်​ခမ်း​လေးမှ
ခွာလိုက်​စဉ်​ ပွင့်​ဟလာ​သော မျက်​လုံးများ။

"ကိုကို"

"ဟင်​"

"ခုဏက ကိုကို ဇွန့်​ကို နမ်းလိုက်​တာလားဟင်​"

"အင်း"

"ထပ်​နမ်း​ပေးပါလား"

"​တော်​ပြီ"

"ကိုကိုကလည်း ဇွန်​က အိပ်​ချင်​မူးတူးနဲ့မို့ ကိုကိုနမ်းတာကို

အိပ်​မက်​ထင်​​နေတာ ​သေချာမခံစားလိုက်​ရဘူး"

"ခဏခဏ မနမ်းချင်​ပါဘူး"

"ဟွန်​ ကိုကိုက ဘယ်​တုန်းက ခဏခဏနမ်းလို့လဲ"

"နမ်းတယ်​​လေ မ​နေ့ညကလည်း နမ်းခဲ့​သေးတယ်​"

"ကိုကို နမ်းတာလည်း ဇွန်​မသိလိုက်​ပါဘူး"

"အင်း ဇွန်​ အိပ်​​ပျော်​သွားမှ လာနမ်းတာ"

"ကိုကိုကလည်း........."

'တူ' 'တူ' 'တူ'

ဇွန်​ ဖုန်းမှ အဝင်​callပြလာသည်​က သခင်​ကြီးထံမှ။
သို့​သော်​ ဖုန်းကိုပြန်​မ​ဖြေဘဲ ဖုန်းချလိုက်​​သော ဇွန်​​။

"ဇွန်​ သခင်​ကြီးဆီက မလား ဘာလို့ မကိုင်​တာလဲ"

"ဘာမှ မဖြစ်​ပါဘူး"

"ဘာမှ မဖြစ်​ရင်​ ကိုင်​​လေ"

"ကျစ်​ ကိုကို မသိပါဘူး"

"ကျုပ်​​ကြောင့်​လား"

"အဲ့လိုမဟုတ်​...."

"ဘာလဲ ကျုပ်​လက်​ကိုဆွဲပြီး ဇွန့်​မိသားစုနဲ့ ရင်​မဆိုင်​ရဲဘူးလား"

လက်​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​(Complete)(လကျ​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​)(Complete)Where stories live. Discover now