part(20)(Zawgyi+Unicode)

1.8K 94 0
                                    

Zawgyi

"ကိုကို့..."

"ဟင်​"

"ဇွန်​နဲ့ဟန်​​လေး ဟိုဘက်​ဆိုင်​က ကြီး​မေတို့ဆီ

ခဏအလည်​သွားချင်​လို့"

"ဆိုင်​မှာပဲ​နေ​လေ ဇွန်​ရာ ကြီး​မေတို့ အလုပ်​ရှုပ်​​နေရင်

အားနာစရာ"

"ကိုကိုကလည်း ကြီး​မေတို့က အားပါတယ်

သားသား ​ကျောင်းပိတ်​တဲ့​နေ့​လေး သွားလည်​ရတာကို"

"​ဖေ​ဖေကလဲ သားသားတို့က ခဏ​လေး သွားလည်​မှာပါ"

ဘေးက​နေ မိမိကို မျက်​နှာငယ်​​လေးဖြင့်​ ကြည့်​​နေကျ​သော နှစ်​​ယောက်​​ကြောင့်​ ​ရေစက်​အ​လျော့​ပေးလိုက်
ရသည်​။

"​နေ့လည်​ ထမင်းစားချိန်​ ပြန်​လာခဲ့ကြ"

(ဟုတ်​)×2

ပြိုင်​တူ​ပြောကာ ​ပြေးထွက်​သွားကြ​သော သားနှင့်​ ဇွန်​ကို
ရေစက်​ ​ပြောမနိုင်​ဘူးဟု ​တွေးဟာ ကြည့်​​နေမိသည်​။
အရင်​ကတည်းက လုပ်​ချင်​ရာလုပ်​တတ်​​သော
သား​တော်​​မောင်​ကို ​ရေစက်​မနည်းထိန်းခဲ့ရသည်​။
ခု​တော့ ထင်​ရာထ ထလုပ်​တတ်​​သော ဇွန်​ တစ်​​ယောက်
တိုးလာပြန်​သည်​။သူတို့အချင်းချင်း​တော့ အဆင်​​ပြေ​နေကြသည်​။ကိုယ့်​မှာ​တော့ ခ​လေး​နောက်​တစ်​​ယောက်​ရသည့်
နှယ်​။တစ်​ခါတစ်​​လေ ​ရေစက်​စဉ်းစားမိသည်​။စံအိမ်​တုန်း
ကဇွန်​​နေထိုင်​ပုံနှင့်​ ယခု ပုံစံမှာ လုံးဝကွာခြား​နေသည်​။
ခုပုံစံ​လေးဟာ ဟန်​​ဆောင်​ထားသည့်​နှင့်​ မတူပဲ ဇွန့်​ရဲ့ ပုံစံ
အစစ်​အမှန်​လို့ ထင်​မိသည်​။

"အဟမ်း ဆရာသမား ​​ငေးလှချည်​လားဗျ"

ဘေးမှ ကိုလင်းခန့်​​နှောင်း စကား​ပြောလာသည်​​ကြောင့်
ရေစက်​​တွေး​နေသည်​များကို ရပ်​လိုက်​သည်​။

"ဟာ မ​ငေးပါဘူး ကိုလင်းခန့်​​နှောင်းရာ"

"အင်း​ပေါ့​လေ မ​ငေးဘူးဆိုလဲ မ​ငေးဘူး​ပေါ့

ဟိုနှစ်​​ယောက်​ကို ဘယ်​လွှတ်​လိုက်​တာတုန်း"

"အထည်​ဆိုင်​က ကြီး​မေတို့ဆီ အလည်​သွားချင်​လို့ဆိုပြီး

လက်​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​(Complete)(လကျ​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​)(Complete)Where stories live. Discover now