Zawgyi
"သားမဟာတို့ သားအဖ မယ်မယ့်ကို သွားကြည့်ပေးပါ
အုံးကွယ် သားကမ္ဘာကတော့ လေးလေးနဲ့ စကားနည်း
နည်းပါးပါး ပြောရအောင် နေခဲ့မယ်မဟုတ်လား"
"ဟုတ်ကဲ့"
တကယ်တော့ မယ်မယ်ဟာ ခုထိ မဟာနှင့် ဇွန့်ကို
သဘောမတူသေးပါ။သို့ပေမဲ့ မယ်မယ်အတွက် ဒီကမ္ဘာ
ကြီးမှာနေဖို့ အချိန်အနည်းငယ်မျှသာ ကျန်တော့သည်။
သွေးကင်ဆာဖြစ်နေခဲ့သည်မှာ အချိန်အတော်ကြာသည်
နှင့် ရောဂါဟာ တဖြည်းဖြည်းပြန်လာခဲ့ရာ ဆေးဖြင့် ထိန်း
ထားသည်မို့ ယခုအချိန်ထိ အသက်ဆွဲဆန့်ထားနိုင်ခြင်း
ဖြစ်သည်။သို့ပေမဲ့ ဘယ်အချိန် ဤလောကကြီးမှ ထွက်ခွာ
ရမည်ကို မသိနိုင်။ဇွန်နှင့် သားငယ် မယ်မယ်ဆီ သွားတွေ့ရန် အပေါ်ထပ်သို့
တက်သွားသည်။ကမ္ဘာလည်း လေးလေးထိုင်နေသည့်
ဆိုဖာနှင့် မျက်နာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။"မယ်မယ်အတွက် အချိန်သိပ်မရှိတော့ဘူး သားကမ္ဘာ
မယ်မယ်အသက်ရှိနေတုန်း မယ်မယ့်ကို သားကမ္ဘာ
ခွင့်လွှတ်ပေးနိုင်မယ် မဟုတ်လား။"
လေးလေးဆီမှ ထိုစကားကြားရသည့်အတွက် ကမ္ဘာ
စိတ်မကောင်းဖြစ်မိသည်။"ဟုတ်ကဲ့ ခွင့်လွှတ်ပါတယ် လေးလေး"
"အေးကွယ် သားမဟာကိုလည်း ခွင့်လွှတ်မယ်
မဟုတ်လား"
".............."
"ဟား ဟား တစ်ချိန်က သားမဟာက သားကို လိုက်မရှာ
ခဲ့တာ မဟုတ်ပါဘူးကွယ်"
"................"
"သား accidentဖြစ်ခဲ့တာကို သားမဟာ
မသိခဲ့ဘူး သား
သားမဟာသိခဲ့တာက အဲ့အချိန်မှာ သားမဟာရဲ့ဖေဖေနဲ့
မေမေဆုံးသွားတာကိုပဲ"
လေးလေးပြောပြသည်များကြောင့် ကမ္ဘာစိတ်မကောင်း
ဖြစ်မိသည်။ဒေါ်လေးမေတို့ကို ကမ္ဘာ မိဘအရင်းသဖွယ်
သဘောထားပါသည်။
YOU ARE READING
Romanceဂုဏ်ရှိန်ကြီးမားလှတဲ့စော်ဘွားမျိုးနွယ်ဇွန်လင်းမဟာနှင့်မှောင်ခိုဈေးကွက်မှာ လုပ်ကိုင်နေတဲ့ ကမ္ဘာဟန်တို့ရဲ့ romance ficလေးပါ။အချစ်ကို မကိုးကွယ်သင့်တဲ့ နှစ်ဦးသား ရင်ဘက်ချင်း ဘယ်လိုနီးသွားမလဲ။အခြေအနေချင်းမတူတဲ့ ပတ်ဝန်းကျင်နှစ်ခု...