Part(54)(Final)

4.1K 93 15
                                    

Zawgyi

"အားးး"

လွန်​ခဲ့​သော ငါးနှစ်​ခန့်​က အဖြစ်​အပျက်​များကို ပြန်​လည်
သတိရရင်း ကမ္ဘာနိုးထလာခဲ့သည်​။ကမ္ဘာ မျက်​လုံးများကို
ဖွင့်​လိုက်​​တော့ ​တွေ့လိုက်​ရသည်​က ​အခန်းငယ်​တစ်​ခု။
Nurseတစ်​​ယောက်​လို ဝတ်​စားထား​သော အမျိုးသမီး
တစ်​ဦးကိုလည်း ​တွေ့ရသဖြင့်​ ​ခု​ရောက်​​နေသည်​မှာ
ဆေးရုံတစ်​ခုဖြစ်​နိုင်​သည်​။ကမ္ဘာ အားပြုထရန်​ပြင်​လိုက်​စဉ်

"ဟယ်​ လူနာသတိရလာပြီ

ချက်​ချင်းမထနဲ့ဦး​လေ ​ခေါင်းပြန်​မူးလိမ့်​မယ်

ခဏလှဲ​စောင့်​​နော်​ ကျွန်​မ ဆရာဝန်​သွား​ခေါ်လိုက်​အုံးမယ်​"

ကမ္ဘာပြန်​လှဲလိုက်​ပြီး ​ခေါင်းငြိမ့်​ပြလိုက်​​တော့
nurse​လေးဟာ အပြင်​သို့ ထွက်​သွား​တော့သည်​။
သို့​ပေမဲ့ ကမ္ဘာ့စိတ်​ထဲမွန်းကျပ်​လာသဖြင့်​ ထရပ်​လိုက်​ကာ
အခန်းအပြင်​သို့ ထွက်​ခဲ့လိုက်​သည်​။ထို့​နောက်​ ​ဆေးရုံ
အပြင်​ထွက်​ရန်​ တံခါး​ပေါက်​လိုက်​ရှာ​နေစဉ်​ မိမိလက်​ကို
တစ်​စုံတစ်​ဦးလှမ်းဆွဲလာသဖြင့်​ ကမ္ဘာလှည့်​ကြည့်​လိုက်​သည်​။

"ကမ္ဘာ"

"..........."

"ကမ္ဘာ ကျ​တော့်​ကို မှတ်​မိလား

ကျ​တော်​ မဟာ့သူငယ်​ချင်း ​ကောင်းမြတ်​​လေ"

"​ကောင်းမြတ်​"

"မှတ်​မိလား"

"အင်း"

"ဟား ဝမ်းသာလိုက်​တာဗျာ"

"အထဲမှာ​နေရတာ မွန်းကြပ်​သလိုခံစားရတယ်

ကျ​တော်​တို့ အပြင်​မှာ ထွက်​စကား​ပြောမလား"

"ဒါဆို ကျ​တော်​တို့ ဝရန်​တာမှာထွက်​​ပြောကြမလား

ခုက တတိယထပ်​မှာဆို​တော့​လေ"

"တတိယထပ်​"

"ဟုတ်​ ဒါဆို ကျ​တော့်​​နောက်​က လိုက်​ခဲ့​နော်​ ကမ္ဘာ"

ကမ္ဘာ ​ကောင်းမြတ်​​နောက်​သို့ လိုက်​လာခဲ့သည်​။
ကမ္ဘာ ဝရန်​တာမှတစ်​ဆင့်​ ​အောက်​သို့ ငုံကြည့်​​နေမိသည်​။
ဆေးရုံကားများဖြင့်​ ​ရောက်​ရှိလာ​သော လူနာများ၊
ရောဂါသက်​သာ၍ ​ဆေးရုံဆင်းသွားကြ​သော လူနာများ
ဖြင့်​ ​​ဆေးရုံဝန်းကြီးသည်​ လူသွားလူလာမပျက်​ ရှိ​နေသည်

လက်​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​(Complete)(လကျ​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​)(Complete)Where stories live. Discover now