Part(16)(Zawgyi+Unicode)

1.8K 110 2
                                    

Zawgyi

ရေစက်​ အိပ်​ယာထ၍ အခန်းပြင်​ထွက်​ခဲ့ချိန်​တွင်​​တော့
ဆိုဖာ​ပေါ်တွင်​ အိပ်​​နေ​သော ဇွန့်​အစား ​ခေါက်​ထား​သော
စောင်​​လေးသာ ​တွေ့ရသည်​။ဒီလူ ဘယ်​များ သွား​နေပါ
လိမ့်​။ရေစက်​ လုပ်​စရာရှိတာသာ ဆက်​လုပ်​​နေလိုက်​ပြီး
သားကို​ခေါ်၍ ​ဈေးထွက်​ခဲ့သည်​။ဈေးအတွင်းသို့ ဝင်​လာခဲ့ရာ မိမိဆိုင်​​ရှေ့တွင်​ အလုအယက်​ဝယ်​​နေ​သော ​ဈေးဝယ်
သူများ​ကြောင့်​ ယ​နေ့လည်း မနားရမည်​ကို​တွေး၍ ကြိုပင်
ပန်း​နေမိသည်​။

ရေစက်​တို့သားအဖ ​ဈေးဝယ်​သူများကြားထဲမှ ဆိုင်​ထဲသို့
တိုး​ဝှေ့ဝင်​လိုက်​စဉ်​ မြင်​လိုက်​ရ​သော မြင်​ကွင်း​ကြောင့်
လမ်း​လျှောက်​​နေရာမှ ရပ်​တန့်​မိသည်​။အ​ကြောင်းက​တော့
ငါးများကို ခုတ်​ထစ်​​နေ​သော ဇွန်​​ကြောင့်​ပင်​။ဒီ​နေ့ လူပိုကျတာ ဇွန့်​​ကြောင့်​ဖြစ်​သည်​မှာ မလွှဲဧကန်​။ငါးများ ခုတ်​ထစ်​ရာမှ ထွက်​လာ​သော ​သွေးများသည်​ တံ​တောင်​ဆစ်​ထိ
ခေါက်​ထား​သော ဇွန့်​အိင်္ကျီအဖြူလက်​ရှည်​​လေး​ပေါ်သို့ ကျ​ရောက်​​နေသည်​။ကား​ပေါ်တွင်​ အကျအနထိုင်​၍ လက်​ညှိုးညွှန်​ရုံနှင့်​ အလုပ်​လုပ်​နိုင်​​သော ထိုသူက ခုလို အလုပ်​ကို လုပ်​ကိုင်​​နေသည်​ကို မြင်​ရတာ ​ရေစက်​မနှစ်​သက်​။

ရေစက်​ဆိုင်​တွင်းသို့ အမြန်​ဝင်​လိုက်​ပြီး သားကို ထားခဲ့၍
ငါးများကို ခုတ်​ထစ်​​နေ​သော ဇွန့်​ရဲ့လက်​ကို ဆွဲ၍ လူရှင်းရာသို့ အမြန်​​လျှောက်​လာခဲ့သည်​။

"ကို​ရေစက်​........ကို​ရေစက်​......."

ဇွန်​​ခေါ်သံများကိုလည်း ဂရုမစိုက်​ခဲ့။အားဖြင့်​ဆွဲ​ခေါ်လာမိသဖြင့်​ ဇွန်​​နောက်​မှ ရုန်း​သော်​လည်း အရာမထင်​ခဲ့။
လူရှင်းသည့်​ ​ဈေးအ​နောက်​ဘက်​သို့ ​ရောက်​သည်​နှင့်
ရေစက်​ ဇွန့်​လက်​ကို လွှတ်​​ပေးလိုက်​သည်​။

"ဘာလို့ ကျ​တော့်​ကို အတင်းဆွဲ​ခေါ်လာတာလည်း

ကို​ရေစက်​​ခေါ်ရင်​ ကျ​တော်​လိုက်​ခဲ့မှာ​ပေါ့"

လက်​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​(Complete)(လကျ​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​)(Complete)Where stories live. Discover now