Part(44)(Zawgyi+Unicode)

1.1K 65 0
                                    

Zawgyi

"ဘယ်​​လောက်​ဖိုးလဲ"

"ငါးပုံး"

ကွန်​ပျူတာတက္ကသိုလ်​​ကျောင်းဝန်း၏ အ​နောက်​ဘက်​လမ်းကြား​လေးထဲတွင်​ ကမ္ဘာ ​ကျောင်းသားနှစ်​ဦးနှင့်
မူးယစ်​​ဆေးအ​ရောင်းအဝယ်​လုပ်​​နေသည်​။

ကိုယ့်​မြို့အတွင်းလည်း ဖြစ်​သည်​မို့ ငဖြိုးတို့ကို မ​ခေါ်ဘဲ
တစ်​​ယောက်​ထဲ လာဖြစ်​ခဲ့သည်​။ထိုနှစ်​​ယောက်​ပုံစံ ကြည့်​ရတာလည်း လိမ်​မည့်​ပုံမ​ပေါ်။

"​ရော့ ပြည့်​လား ​ရေလိုက်​အုံး"

ကမ္ဘာ ထို​ကျောင်းသား လှမ်း​ပေးလာ​သော ပိုက်​ဆံကို
ရေတွက်​လိုက်​သည်​။ငါးသိန်းတိတိဖြစ်​၍ အ​ရောင်းအဝယ်
အဆင်​​ပြေရာ မိမိဘက်​မှ ပစ္စည်းကို ထုတ်​​ပေးလိုက်​သည်​။

"​နောက်​ခါလိုရင်​လည်း ဆက်​သွယ်​လိုက်​ပါ"

"လိုအပ်​ရင်​ ခင်ဗျားတို့ဆီပဲ ဆက်​သွယ်​ရမှာပါ"

ကျောင်းသားနှစ်​​ယောက်​ဟာ ​ကျောင်း​နောင်​​ပေါက်​နှင့်​ ဆန့်​ကျင်​ဘက်​လမ်းသို့ ထွက်​ခွာသွားကြ​တော့
ကမ္ဘာလည်း လှည့်​ပြန်​ရန်​ ပြင်​လိုက်​သည်​။

သို့​ပေမဲ့ ​ကျောင်းသားများ ထွက်​သွားရာ လမ်းဘက်​မှ
ရုတ်​ရုတ်​သဲသဲအသံများ ကြားသဖြင့်​ ကမ္ဘာလှည့်​ကြည့်
လိုက်​ရာ ရဲအချို့နှင့်​အတူ လက်​ထိပ်​ခတ်​ခံထားရ​သော
ကျောင်းသားနှစ်​​ယောက်​ကို ​တွေ့လိုက်​ရသည်​။

အ​ခြေအ​နေမဟန်​​တော့သည်​မို့ ကမ္ဘာ ဆိုင်​ကယ်​​မောင်း
ထွက်​ရန်​ပြင်​လိုက်​ချိန်​ မိမိသွားမည့်​လမ်းဘက်​သို့
အရှိန်​ဖြင့်​ ​မောင်းလာ​သော ရဲကားတစ်​စီးကို ​တွေ့လိုက်​ရ
သည်​မို့ ကမ္ဘာ အကျဉ်းအကျပ်​ထဲ ​ရောက်​သွားသည်​။

ကြံရာမရသည့်​အဆုံး ​ကျောင်း​နောက်​​ပေါက်​မှတစ်​ဆင့်
ကျောင်းထဲသို့ ​မောင်းဝင်​ခဲ့လိုက်​သည်​။ကမ္ဘာ လွတ်​ပြီဟု ​တွေးမိခဲ့​သော်​လည်း မိမိအ​တွေးများ ကြက်​​ပျောက်
ငှက်​​ပျောက်​ ဖြစ်​ခဲ့ရသည်​။

လက်​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​(Complete)(လကျ​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​)(Complete)Where stories live. Discover now