Part(31)(Zawgyi+Unicode)

1.3K 67 0
                                    

Zawgyi

ည​နေခင်းပိုင်းတွင်​​တော့ ဝယ်​သူသိပ်​မရှိ​တော့၍
ကမ္ဘာတို့အဖွဲ့ ဆိုင်အတွင်းတွင်​ ထိုင်​ကာ ​အေး​ဆေး
နားကြ​တော့သည်​။

"ကမ္ဘာ မင်းတို့ မနက်​တုန်းက ပြသနာဖြစ်ေ​သးတယ်​ဆို"

"​အေး ငါ အဲ့တစ်​​ယောက်​ကို တစ်​ချက်​​ကျွေးလိုက်​​သေး
တယ်​"

"မင်းတို့ကလည်းကွာ စကားနဲ့ ​ပြေရာ​ပြေ​ကြောင်း ​ဖြေရှင်း

မှ​ပေါ့ကွ ကိုယ်​က ဆိုင်​ဖွင့်ထားတာ ​တော်​ကြာ စားသုံးသူ

တွေက ငါတို့ကို အ​ပေါက်​ဆိုးတယ်​ထင်​သွားပါအုံးမယ်​"

"အံမယ်​ အပို​တွေ မ​ပြောနဲ့ ငဖြိုး ငါက​တော့ မကြိုက်​ရင်

မကြိုက်​ဘူးပဲ မင်းလို သ​ဘော​ကောင်းပြမ​နေဘူး

အ​ပေါက်​ဆိုးတယ်​ထင်​ပြီး မ​ရောင်းရလို့ ဆိုင်​ပိတ်​လိုက်​ရ

လည်း မလွမ်းဘူး​ ​ဟျောင့်​"

အဖွဲ့ထဲမှာ​တော့ ငဖြိုးဟာ စိတ်​အရှည်​နိုင်​ဆုံးနှင့်
ပေါင်းသင်းဆက်​ဆံ​ရေး အ​ကောင်းဆုံးဟု ​ပြောရမည်​။
သူ့​ကြောင့်​လည်း ဆိုင်​က ဒီ​လောက်​ ​ရောင်း​အား​ကောင်းလာခြင်းပင်​။

"​အော်​ မင်းက ဂွင်​ကြီးကြီး ရှိ​နေ​တော့ ဒီဆိုင်​​လေးကို

မမက်​ဘူး​ပေါ့ ဒါမဲ့ ဒီဆိုင်​​လေး​ကြောင့်​ ငါတို့ အန္တရာယ်

ကင်း​နေတယ်​ဆိုတာ မ​မေ့နဲ့"

တဂယ်​​တော့ ကမ္ဘာတို့အဖွဲ့က ​မှောင်​ခိုသမားများပင်​။
တရားမဝင်​မှန်​သမျှ အကုန်​လုပ်​ဖြစ်​ကြသည်​။အဓိက
လုပ်​ဖြစ်​သည်​က ဘိန်းပင်​။ မြို့တွင်းတွင်​လည်း ဖြန့်​၍
သိန်းချီမှာလျှင်​ နယ်​​ဝေးလည်း ကမ္ဘာတို့ ပို့​ပေးဖြစ်​သည်​။
ကြားခံ အ​ရောင်းအဝယ်​လုပ်​သည်​ဖြစ်​​သော်​လည်း
တစ်​ခါအ​ရောင်းအဝယ်​ဖြစ်​လျှင်​ ကမ္ဘာတို့ ဆယ်​ချီမြတ်​သည်​။

ထိုသို့ မြတ်​သည့်​ အခါများတွင်​ ဆိုင်​ပိတ်​ကာ
ကမ္ဘာတို့အဖွဲ့ နှပ်​ကြသည်​။သုံးစရာသိပ်​မကျန်​​တော့သည့်​အခါမှ ဆိုင်​ပြန်​ဖွင့်​ကြသည်​။ကမ္ဘာတို့ လုပ်​ပုံဖြင့်
ဆီချက်​ဆိုင်ကို မှီခို စားရမည်​ဆိုလျှင်​ သူတို့ ငတ်​​သေမည်​မှာ မလွဲပင်​။သို့​ပေမဲ့  မဖွင့်​တစ်​လှည့်
ဖွင့်​တစ်​လှည့်​ကိုပင်​ ဆီချက်​ဆိုင်​က ​ရောင်းရ​လေသည်​။

လက်​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​(Complete)(လကျ​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​)(Complete)Where stories live. Discover now