Zawgyi
ရေစက် ယနေ့စောစော နိုးလာခဲ့သည်။မနေ့ညက
ဖြစ်ခဲ့သည်များကို ရေစက် အိပ်မက်အဖြစ် ပြောင်းလဲချင်
မိသည်။မိမိဘေးတွင် အိပ်ပျော်နေသော လူသားလေး
နှစ်ဦးကို ကြည့်ကာ အိပ်ယာမှ ထရန် ပြင်လိုက်သည်။"ကိုကိုနဲ့သားသား ဖေဖေ့ဆီ ဘယ်သူအရင်ရောက်
ပြိုင်မလား ကိုကို"
"ကိုကို အရင်ရောက်မှာပေါ့ ဟန်လေးရဲ့"
"ဟုတ်ပါဘူး သားသား အရင်ရောက်မှာ"
အခန်းထဲမှ ငြင်းခုံသံများမှာ ရေစက်မျက်နှာသစ်နေသည့်
နေရာမှပင် အတိုင်းသားကြားနေရသည်။မိမိသစ်စရာရှိတာ ဆက်သစ်နေတုန်း သားလေးကိုချီ၍ အနားရောက်လာသော ဇွန်။"သားသားတို့ နိုးလာပြီလား လာ ဖေဖေ မျက်နှာသစ်ပေး
မယ်"
"ဟင့်အင် ကိုကို သစ်ပေးမှာ နော့ ကိုကို"
"ဟား ဟား သစ်ပေးမှာပေါ့ဗျာ"
ပလီနေသော သားကို ရေစက်စောက်မြင်ကတ်စွာ စိတ်ထဲ
မှ ကျိန်ဆဲလိုက်သည်။ဟုတ်သည်လေ ဖအေကျော် ပထွေး
လွမ်းနေသော အကောင်ပေါက်။"ဒါဆိုလဲ ဖေဖေ သွားနှင့်ပြီ"
ထသွားရန် ပြန်လိုက်တော့ မိမိလက်ကို ဆွဲလာသူ ဇွန်။
"စိတ်ဆိုးသွားတာလား ကိုရေစက်"
"မဟုတ်ပါဘူး ဇွန်လဲ ဒါပြီးရင် စံအိမ်ပြန်တော့လေ
အလုပ်သမားတစ်ယောက်နဲ့ အတူတူ ရှိနေတာ
အမြင်မသင့်တော်ပါဘူး"
"ပြန်ဆိုလဲ ပြန်ပမယ်ဗျာ ဒါမဲ့ ကိုရေစက်လက်ရာ
မနက်စာလေးတော့ စားသွားပါရစေ"
"ကျုပ်က ဟင်းချက်သိပ်ကောင်းတာ မဟုတ်ဘူးဗျ
မနက်စာတောင် ကျုပ်တို့ သားအဖက ထမင်းကျော်နဲ့
YOU ARE READING
Romantizmဂုဏ်ရှိန်ကြီးမားလှတဲ့စော်ဘွားမျိုးနွယ်ဇွန်လင်းမဟာနှင့်မှောင်ခိုဈေးကွက်မှာ လုပ်ကိုင်နေတဲ့ ကမ္ဘာဟန်တို့ရဲ့ romance ficလေးပါ။အချစ်ကို မကိုးကွယ်သင့်တဲ့ နှစ်ဦးသား ရင်ဘက်ချင်း ဘယ်လိုနီးသွားမလဲ။အခြေအနေချင်းမတူတဲ့ ပတ်ဝန်းကျင်နှစ်ခု...