Zawgyi
ယနေ့ ကမ္ဘာတို့အဖွဲ့ ဆိုင်ပိတ်၍ နေဖင်ထိုးအောင် အိပ်ကြသည်။ကမ္ဘာ အိပ်ရာဘေးမှ ဖုန်းကို လှမ်းယူကာ ဖွင့်လိုက်တော့ နေ့လည် ၁၂နာရီထိုးတော့မည်ဖြစ်၍ ထလိုက်သည်။ဘေးက အိပ်ရာကို လှမ်းကြည့်လိုက်တော့
ငဖြိုး၊Rကြီးနှင့် ငဘုန်းတို့ အမြှီးပြန်ခေါင်းပြန်အိပ်နေကြ
သည်ကို တွေ့ရသည်။တစ်ကောင်ပျောက်နေပုံထောက်ရင်
ကျော်ကြီးထသွားပြီထင်သည်။ကမ္ဘာအိပ်ချင်မူးတူးဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့ရာ
ကျော်ကြီးကို မတွေ့သဖြင့် ဆိုင်ခန်းအတွင်း ဝင်လာခဲ့
လိုက်သည်။စားပွဲတွင် ဇလုံကြီးဖြင့် ထမင်းကြိတ်နေသော
သကောင့်သားကို တွေ့သဖြင့် ကမ္ဘာ ထိုစားပွဲသို့ ဦးတည်
လျှောက်လာလိုက်ပြီး ကျော်ကြီးလက်ထဲမှ ဇွန်တိုကို
လုလိုက်သည်။"ဟျောင့် ဘာလုပ်တာတုန်း"
ကျော်ကြီး ဗိုက်ဆာ၍ အိပ်ရာထလာခဲ့သော်လည်း
မနေ့က ကျန်သည့် ထမင်းကြမ်းခဲသာ တွေ့သည်မို့
ရန်ရန်တစ်ထုပ်ထွက်ဝယ်ကာ ထုချေ၍ အမှုန့်နယ်ကာ
ထမင်းပေါ်ဖြူးစားနေခြင်းပင်။ဒါကို အငတ်ကောင်က
လာလုစားနေသည်မို့"ဒါဆို ထမင်းပဲစား ရန်ရန်ခြောက်တွေ မစားနဲ့"
"ဟ အဲဒါနဲ့မှ စားကောင်းမှာပေါ့ကွ"
ပြောကာ တစ်လုပ်ပြီး တစ်လုပ်သွပ်နေသော ကမ္ဘာကို
စောက်မြင်ကပ်လာသည်။"ဟျောင့် ဇွန်း ပြန်ပေးအုံးလေကွာ"
"အေး ငါဝရင် ပေးမယ်"
"ဘာာ.."
"အာ အော်တာကွာ မင်းကလည်း"
"ခုပေးကွာ "
ဤသို့ဖြင့် သူငယ်ချင်းနှစ်ယောက် ဇွန်းလုကြတော့သည်။
ဇွန်းလုနေရာကတစ်ဆင့် ထသတ်ကြတော့သည်။
ကျော်ကြီးက ကမ္ဘာ့ဆံပင်များကို ဆွဲလာသည်။
ကမ္ဘာလည်း ငြိမ်မခံပေ။ပါးစပ်ထဲမှ ထမင်းများဖြင့်
ကျော်ကြီးမျက်နာကို ပြန်ပတ်လိုက်သည်။အကြိတ်အနယ်
ဖြစ်တော့မည်ဆဲဆဲတွင်
YOU ARE READING
Romanceဂုဏ်ရှိန်ကြီးမားလှတဲ့စော်ဘွားမျိုးနွယ်ဇွန်လင်းမဟာနှင့်မှောင်ခိုဈေးကွက်မှာ လုပ်ကိုင်နေတဲ့ ကမ္ဘာဟန်တို့ရဲ့ romance ficလေးပါ။အချစ်ကို မကိုးကွယ်သင့်တဲ့ နှစ်ဦးသား ရင်ဘက်ချင်း ဘယ်လိုနီးသွားမလဲ။အခြေအနေချင်းမတူတဲ့ ပတ်ဝန်းကျင်နှစ်ခု...