Zawgyi
"ကျော်ကြီး ကမ္ဘာကို သွားနှိုးစမ်းကွာ ဆိုင်က လူကျနေပြီ
နေ့လည်တောင် ကျော်နေပြီကို သေနေတာ မနှိုးရင် ညထိ
ဆက်အိပ်မယ့်သဘော"
"အေးအေး ငါနှိုးလာခဲ့မယ်"
မနေ့က တစ်နေကုန် ပင်ပန်းလာခဲ့ကြ၍ တစ်ဖွဲ့လုံး မနက်
၁၁နာရီမှ ထနိုင်ခဲ့ကြသည်။ထိုအချိန်မှ ဆိုင်ဖွင့်ရသော်လည်း မကြာမှီ စားပွဲများက စားသုံးသူများနှင့် ပြည့်သွား
သည်။ထို့ကြောင့် ခုထိမနှိုးသေးသော ကမ္ဘာကို သွားနှိုးခိုင်း
ရတော့သည်။ကျော်ကြီး အပေါ်ထပ်သို့ တက်သွားလိုက်ပြီး ဖုန်းကို
ကောက်ယူကာ အိပ်ပျော်နေသောကမ္ဘာအနားတွင် ထိုင်လိုက်သည်။ထို့နောက် ဖုန်းထဲမှ ပဋ္ဌာန်းကို ဖွင့်ကာ
မိမိသည်လည်း အသံကုန် လိုက်ဆိုတော့သည်။"နမော.... တသ....."
"ဘဂဝတော...."
ကျော်ကြီး အသံနေအသံထားဖြင့် အသံကုန်အော်ဆို
လိုက်တော့ ကမ္ဘာ အိပ်နေရာမှ မိမိကို ခေါင်းထောင်ကြည့်လာသည်။"အရဟတော....."
"ဟျောင့် ကျော်ကြီး"
ကျော်ကြီး မိမိကို ခေါ်သည်ကို ဂရုမစိုက်ဘဲ ဘုရားစာဆက်လက်ဆိုနေလိုက်သည်။
"သမ္မာသမ္ဗုဒ္ဓသ......."
"ဟျောင့် ကျော်ကြီးလို့ မင်းအဖေငါ ခေါ်နေတယ်ဟ
ကန်တော့ပါဘုရား........
ဒီခွေးကောင်က တပည့်တော်ကို မိုက်မဲအောင်
လုပ်နေတာပါဘုရား"
ကမ္ဘာ မိမိခေါ်နေသည်ကို အရေးမလုပ်သည့်
သကောင့်သားကို ဖက်လုံးဖြင့် ပစ်ပေါက်လိုက်တော့"ဟဲ ဟဲ ငါ မင်းလာနှိုးတာ"
"အဲ့တာ ရိုးရိုးတန်းတန်း နှိုးပါလား ခွေးသားရဲ့..."
ကမ္ဘာ ဒေါသထွက်စွာ ပိတ်ကန်ရန်ပြင်လိုက်တော့ ရှေ့မှ
အမြန်ပြေးသွားသည့် ကျက်သတုံးကောင်နောက်
အမြန်ပြေးလိုက်သည်။
YOU ARE READING
Lãng mạnဂုဏ်ရှိန်ကြီးမားလှတဲ့စော်ဘွားမျိုးနွယ်ဇွန်လင်းမဟာနှင့်မှောင်ခိုဈေးကွက်မှာ လုပ်ကိုင်နေတဲ့ ကမ္ဘာဟန်တို့ရဲ့ romance ficလေးပါ။အချစ်ကို မကိုးကွယ်သင့်တဲ့ နှစ်ဦးသား ရင်ဘက်ချင်း ဘယ်လိုနီးသွားမလဲ။အခြေအနေချင်းမတူတဲ့ ပတ်ဝန်းကျင်နှစ်ခု...