Part(42)(Zawgyi+Unicode)

1.1K 64 0
                                    

Zawgyi

ကမ္ဘာ ​ရေအမြန်​​ပြေးချိုးလိုက်​သည်​။ဆပ်​ပြာကို ​လေးခါ
ပြန်​​လောက်​ တိုက်​​နေသည်​မို့ အချိန်​နဲနဲ​တော့ကြာသွားခဲ့
သည်​။ချိုးပြီးသည်​နှင့်​ အ​ပေါ်ထက်​ကို ​လှေခါးထစ်​၃ခု
လောက်​ ​ကျော်ခွတက်​လိုက်ပြီး ငဖြိုးတို့ ​သေတ္တာများကို
အမြန်​​မွှေ​နှောက်​လိုက်​ကာ အနည်းငယ်​သစ်​ဟန်​ရှိသည့်​ အင်္ကျီအဖြူခပ်​ပွပွတစ်​ထည်​နှင့်​ ဂျင်း​ဘောင်းဘီတစ်​ထည်​ကို အမြန်​​ကောက်​စွပ်​လိုက်​သည်​။

ပြီး​နောက်​ ပွ​ယောင်း​နေ​သော ဆံပင်​ကို အုန်းဆီများများ
ထည့်​၍ ​သေချာဖီးလိုက်​သည်​။ငဖြိုးဆီမှ မျက်​နှာလိမ်း
creamကိုလည်း လိမ်းရန်​ မ​မေ့။သေချာပြင်​ဆင်​ပြီး
သည်​နှင့်​ ​အောက်​ထပ်​သို့ အမြန်​ဆင်းလာကာ
ချစ်​သူ​ချော​ချော​လေးဆီ ​လျှောက်​လာခဲ့လိုက်​သည်​။

အလွမ်း​ပြေစကားများကို နှစ်​ကိုယ်​ကြား​ပြောမည်​​ပေါ့။
တွေးရင်း ​လျှောက်​လာပြီးမှ မိမိကို ​စောင့်​​နေ​သော ဇွန်​နှင့်
အတူထိုင်​​နေသည့်​ သူငယ်​ချင်းများ​ကြောင့်​ စိတ်​ကူးထားသည်​များ ကြက်​​ပျောက်​ငှက်​​ပျောက်​။

ကျစ်​ ​ဒီ​ကောင်​​တွေကို ​ပြောမပြရ​သေးဘူး။ငါ​တော့
ဒင်းတို့ ကြပ်​တာ ခံရ​တော့မယ်​။

"အဟွန်း ချစ်​သူ​ချော​ချော​လေး ရသွားတဲ့ ကမ္ဘာခင်​ဗျ

ဒီခုံ​လေးကို ကြွ​ပေးပါ​နော်​"

ဇွန်​ရဲ့​ဘေးနှစ်​ဖက်​တွင်​ ထိုင်​​နေကြ​သော ကျက်​သတုံးများ။
မိမိကို ထိုင်​ခိုင်းသည်​က ​ဘေးဆုံးက ထိုင်​ခုံတွင်​။
သိ​နေတယ်​။ဒီ​ကောင်​​တွေ တစ်​နည်းနည်းနဲ့ ​နှောင့်​ယှက်​မယ်​ဆိုတာ။

သူတို့ကို ​ပြောမပြမိသည့်​ ကိုယ့်​အပြစ်​ကလည်း ရှိ​နေသည်​မို့ ကမ္ဘာ ထိုခုံ​လေးတွင်​သာ ချစ်​ရသူကို ​ငေးကြည့်​ရင်း
ထိုင်​လိုက်​ရသည်​။

"မဟာရာ ဒီ​ကောင့်​ကို ဘယ်​လိုများ သ​ဘောကျသွားရ

တာလဲကွာ "

လက်​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​(Complete)(လကျ​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​)(Complete)Where stories live. Discover now