Part(40)(Zawgyi+Unicode)

1.3K 64 2
                                    

Zawgyi

"ကမ္ဘာ"

ရှေ့မှ ​ခေါ်သံ​ကြောင့်​ ကမ္ဘာထိုင်​​နေရာမှ ထရပ်​လိုက်​သည်​။

"​ဆေးလိပ်​​တွေ မ​သောက်​ပါနဲ့လား ကျန်းမာ​ရေးထိခိုက်

လိမ့်​မယ်​"

ကမ္ဘာ ဘာမှ မ​ပြော​နိုင်​​သေး။တိုက်​ဆိုင်​မှုဆိုတာ တကယ်
ရှိတာပဲ။ကမ္ဘာ ထိုမျက်​နှာ​လေးကို လွမ်း​နေမိသည်​မှာ
အမှန်​ပင်​။ထို​နွေး​ထွေး​သော စကားများက​တော့ ကမ္ဘာ့
အတွက်​ အပိုဆုလိုပင်​။ထိုအချိန်​ ဥယျာဉ်​ထဲဝင်​လာ​သော
ဦးစပ်​၏ လူတစ်​​ယောက်​။

"ရှာလိုက်​ရတာကွာ မင်းအဖွဲ့က လူ​တွေ ပြန်​​တော့မယ်​တဲ့

မင်းကို လိုက်​ရှာ​နေကြတာ"

"ညှိနှိုင်းတာ အဆင်​​ပြေသွားပြီလား"

"​အေး ဒါနဲ့ ဒီက ဒီစံအိမ်​ရဲ့သခင်​​လေး ဇွန်​လင်းမဟာလား
ဗျ"

မဟာ ​ခေါင်းငြိမ့်​ပြလိုက်​သည်​။

"မင်းက ဒီစံအိမ်​သခင်​​လေးနဲ့ သိ​နေတာလား"

"မသိပါဘူး ဒါဆို ကျ​တော်​တို့ သွားကြရ​အောင်​​လေ"

ကမ္ဘာ ထိုလူကို ​ခေါ်ကာ ဆိုင်​ကယ်​ရှိရာ အမြန်​ထွက်​လာခဲ့လိုက်​သည်​။မဟာ့အ​ပေါ် တစ်​စိမ်းဆန်​သလို ဖြစ်​သွားရင်​လည်း မတတ်​နိုင်​။ဒီလူ​တွေ မဟာ့ကို အသုံးချမည့်​အဖြစ်
မျိုး​တော့ အဖြစ်​မခံနိုင်​​ပေ။

ကမ္ဘာ အိမ်​​ရောက်​​တော့ အိပ်​ယာထဲ ပတ်​လက်​လှန်​ပစ်
လိုက်​သည်​။

ကျစ်​ ငါမှားများ မှားသွားပြီလား။မဟာ့ ငါ့ကို စိတ်​ဆိုးသွား
လောက်​တယ်​။

ကမ္ဘာ ​တွေးရင်း​တွေးရင်း မိမိကိုယ်​ကို အပြစ်​တင်​​နေမိ
သည်​။

"​ဟျောင့်​ ကမ္ဘာ အဲ့မှာ ဘာလှဲ​နေတာလဲ ထမင်းစား

မယ်​​လေကွာ မိုးချုပ်​​နေပြီကို လာ"

"မစားဘူးကွာ"

မိမိကို ​အော်​​ပြောလာ​သော သ​ကောင့်​သား​ကြောင့်
ငဘုန်း လန့်​သွားသည်​။

လက်​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​(Complete)(လကျ​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​)(Complete)Where stories live. Discover now