Zawgyi
"ဟယ် သားပါလား ညနေစောင်းနေပြီကိုကွယ်
နောက်နေ့မှ မေမေ့ခင်ဆီ လာလည်း ရတာကို"
ဒေါ်ခင်သက်ထား ညနေစောင်းပြီဖြစ်၍ ခြံတံခါးပိတ်မည်အလုပ် အဝေးမှ လာနေသူက မိမိသားငယ်နှင့်တူသည်ဟူ၍
ကြည့်နေမိရာ သားမဟာဖြစ်နေသည်လေ။ဘေးတွင်
ပါလာသော သူကို သေချာကြည့်လိုက်တော့ သားကမ္ဘာ
ဖြစ်နေသည်။"သားကမ္ဘာရော ပါလာတာကိုး"
"ဟဲ ဟုတ်တယ် ဒေါ်လေးခင် ဇွန် အဲ မဟာက ဆိုင်ဝင်လာ
တာလေ ကျတော်လည်း ဒေါ်လေးခင်ဆီ မရောက်တာကြာ
လို့ အလည်လိုက်လာတာ ဟီး"
"သား ဒီနေ့ ဒီမှာ အိပ်မယ် မေမေခင်"
"သား ဒီမှာ အိပ်တော့ မေမေဝမ်းသာတာပေါ့ကွယ်
ကဲ လာ သားကမ္ဘာရော အိမ်ထဲဝင် မေမေ မယ်ဇလီဖူးသုပ်
ထားတာရှိတယ် လာ ရေနွေးကြမ်းလေးနဲ့ သောက်ရ
အောင်"
"ဟုတ်ကဲ့"
ဇွန်နှင့်အတူ ကမ္ဘာ ဒေါ်လေးခင်တို့အိမ်ထဲ ဝင်ခဲ့ရာ
ဧည့်ခန်းငယ်လေးတွင် ရေနွေးကြမ်းနှင့် မယ်ဇလီဖူးသုပ်ကို စားကာ TVကြည့်နေသော လေးလေးကို တွေ့ရသည်။"လေးလေး အလုပ်ရှုပ်နေတာပေါ့လေ"
"ဟာ ငတူ .......
သားနဲ့ ဘယ်ကဘယ်လို ပါလာတာလဲကွ"
"ဟီး ဘာလဲ ကျတော်က အလည်မလာရဘူးလား"
"အဟား အလည်လာရပါတယ်ကွာ ညအိပ်ရင်
အိပ်သွားအုံး"
လေးလေးက ရိုးရိုးသားသားပြောလာသော်လည်း
မရိုးသားသူက လေးလေး၏သား ဇွန်ဖြစ်သည်။
မိမိကို ခပ်မှောင်မှောင်အပြုံးဖြင့် ပြုံးပြလာကာ"အိပ်သွားလေ"
"တော်ပြီ "
ဇွန် မိမိရှေ့က မနူးမနပ်ကောင်လေးကို ကြည့်ရင်း ရီချင်မိသည်။ဖြစ်နေပုံက ကိုယ်ကပဲ သူ့ကို အစိမ်းလိုက်ဝါးစား
တော့မလို။
YOU ARE READING
Romanceဂုဏ်ရှိန်ကြီးမားလှတဲ့စော်ဘွားမျိုးနွယ်ဇွန်လင်းမဟာနှင့်မှောင်ခိုဈေးကွက်မှာ လုပ်ကိုင်နေတဲ့ ကမ္ဘာဟန်တို့ရဲ့ romance ficလေးပါ။အချစ်ကို မကိုးကွယ်သင့်တဲ့ နှစ်ဦးသား ရင်ဘက်ချင်း ဘယ်လိုနီးသွားမလဲ။အခြေအနေချင်းမတူတဲ့ ပတ်ဝန်းကျင်နှစ်ခု...