Zawgyi
"ကိုကို ဇွန် သားသားကို ကျောင်းကြိုခဲ့ပြီနော်
ဇွန် လိမ်မာတယ်မလား ကိုကို"
ရေစက် မိမိလက်ကိုဆွဲကာ ချွဲပြနေသော ဇွန့်ကို ကြည့်ကာ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေမိသည်။ဘေးမှ
သားငယ်ကို ကြည့်လိုက်တော့ ပြုံးစိစိဖြင့် ဖအေကို
ပြန်ကြည့်နေသည်။"မောင်လေး ဒီကောင်လေးက မောင်လေးရဲ့ညီလားဟင်
ရုပ်သိပ်မတူသလိုပဲနော်"
"အမရယ် ညီအကိုဖြစ်စရာလားဗျာ သေချာကြည့်
ကျတော်က ကိုကို့ရဲ့ ရီးစားဖြစ်မဲ့ရုပ်ဗျ အမတို့က ငါးလာ
ဝယ်တာလား ကိုကို ငါးတွေက ထုပ်ပြီးပြီလား
ကိုကိုလို့...."
"ဟမ် အင်း ထုပ်ပြီးပြီ ဒီမှာ"
"အမတို့ ထုပ်ပြီးပြီတဲ့ဗျ ကျသင့်ငွေလေးပေးပြီး လိုရာခရီး
သွားလို့ရပါပြီဗျ"
"အော် ဟုတ်ကဲ့ရှင့် ဒီမှာပါ ပိုတာ ပြန်မအမ်းနဲ့တော့နော်"
"အာ မဟုတ်တာ အားနာစရာကြီး တော်ကြာ နောက်ဘဝ
ကျရေစက်လာစုံနေပါအုံးမယ် ကျတော်နဲ့ဆုံတာ ကိစ္စမရှိ
ပေမဲ့ ကိုကိုနဲ့တော့ မဖြစ်ဘူးဗျ ဟဲ ဟဲ"
ဇွန် ငွေပြန်အမ်းတော့ မဲ့ရွှဲ့ကာ ယူသွားသော
မမများတစ်သိုက်။ဇွန်ပြုံးပြုံးလေးဖြင့်သာ နှုတ်ဆက်လိုက်
သည်။"ဘယ်လိုဖြစ်လာတာလဲ ဇွန် ကျုပ်ဖြင့် မှတ်တောင်
မမှတ်မိဘူး သေချာကြည့်ယူရတယ်"
"ဇွန် ကိုကိုပြောသလိုဖြစ်အောင် နေကြည့်တာလေ
ဇွန် လန်းရဲ့လား ကိုကို"
တခါမှ မမြင်ဖူးသော ပုံစံဖြင့် ချွဲချွဲနွဲ့နွဲ့ပြောလာသော ဇွန့်ကို
ကြည့်၍ ရေစက် မျက်နှာတစ်ခုလုံး ထူပူလာမိသည်။
ယောက်ျားလေးတစ်ယောက်က အဲ့လောက်ဆွဲဆောင်မှုရှိတာ ဖြစ်နိုင်ရဲ့လား။
YOU ARE READING
Romanceဂုဏ်ရှိန်ကြီးမားလှတဲ့စော်ဘွားမျိုးနွယ်ဇွန်လင်းမဟာနှင့်မှောင်ခိုဈေးကွက်မှာ လုပ်ကိုင်နေတဲ့ ကမ္ဘာဟန်တို့ရဲ့ romance ficလေးပါ။အချစ်ကို မကိုးကွယ်သင့်တဲ့ နှစ်ဦးသား ရင်ဘက်ချင်း ဘယ်လိုနီးသွားမလဲ။အခြေအနေချင်းမတူတဲ့ ပတ်ဝန်းကျင်နှစ်ခု...