Part(25)(Zawgyi+Unicode)

1.6K 87 0
                                    

Zawgyi

"ဇွန်​"

"ဇွန်​ ထ​တော့​လေ"

"ဟင်​ မနက်​​ရောက်​ပြီလား"

"အင်း ထ​တော့ "

"အင်း ထမယ်​ ခဏ"

ရေစက်​ မိမိရင်​ခွင်​ထဲအတင်းတိုးဝင်​လာ​သော ဇွန်​​ကြောင့်
နေရခက်​မိသည်​။

"ဇွန်​ရာ ထ​တော့​လေကွာ"

"ခဏ​လေးပါ ကိုကိုရယ်​ ဇွန်​ မဝ​သေးလို့ပါ"

"အိပ်​​ရေးမဝရင်​ ​နေ့လည်​မှ ထပ်​အိပ်​ ခု​တော့ ထ​တော့"

"အိပ်​​ရေးမဝတာမဟုတ်​ပါဘူး ကိုကို့ကိုယ်​သင်းနံ့​လေး

ရှူလို့ မဝ​သေးလို့"

"အာ ဘာ​တွေ​ပြော​နေပြန်​တာလဲ"

"အယ်​ ကိုကိုရှက်​သွားတာလား"

"မ...မဟုတ်​ပါဘူး"

"ချစ်​သူ​တွေ ဖြစ်​​နေပြီကို ကိုကိုရယ်​ ဒါ​လေး​တွေကို

ရှက်​​မ​နေပါနဲ့ ​နောက်​ကျ ဒီထက်​ပိုရှက်​ရမဲ့အရာ​တွေ

လာအုံးမှာဆို​တော့......"

"ဘာ..ဘာ​တွေ ​ပြော​နေတာလဲ ​တော်​ပြီ ထ​တော့မယ်

မနက်​စာပြင်​ထားမှာမို့ မျက်​နှာသစ်​ပြီး လာခဲ့​တော့"

အမြန်​ထသွား​သော ကိုကို့ကိုကြည့်​၍ ဇွန်​ရယ်​ချင်​မိသည်​။
ကိုကိုက အတိတ်​​မေ့သွားမှ ပိုရှက်​တတ်​သွားတာပဲ။
ခုချိန်​ အရင်​က ဇွန်​နဲ့ချစ်​ခဲ့တာ​တွေကိုသာ ကိုကို
မှတ်​မိသွားရင်​ ပိုရှက်​​နေမှာ ​သေချာသည်​။

"ဟီး..."

ဇွန်​ ကိုယ့်​အ​တွေးနှင့်​ကိုယ်​ ပြုံး၍ ​ရေချိုးခန်း ဝင်​လိုက်​သည်​။

ရေစက်​ မ​နေ့ညက ဖြစ်​ပျက်​ခဲ့သည်​များကို ယခုထိ
မယုံကြည်​နိုင်​ဖြစ်​​နေသည်​။ခု ဇွန်​နှင့်​က ချစ်​သူဖြစ်​သွားပြီ။
ပြီး​တော့ ကိုယ့်​ချစ်​သူနှင်​ တစ်​အိမ်​တည်း အတူတူ​နေ​နေသည်​။သူတို့နှစ်​​ယောက်​၏ပုံစံမှာ ချစ်​သူမက လင်​မယားမကျ ဖြစ်​​နေသည်​။

"​ဖေ​ဖေ"

"သားသား နိုးလာပြီလား"

"ဟုတ်​"

လက်​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​(Complete)(လကျ​ညိုးညွှန်​ရာ ကမ္ဘာရှိသည်​)(Complete)Where stories live. Discover now