Zawgyi
"သားကလေး တီတာတာ ဖေဖေ့အနားလာ......ဖေဖေ ဖေဖေသူ့စကား
တူတူရေဝါး....."ဟန်နေလင်း ဆရာမသင်ပေးထားသော
စာများကိုကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြန်ဆိုကာ ခုန်ပေါက်ကစားရင်းအိမ်သို့ ပြန်လာခဲ့သည်။ဆရာမ စောစောဆင်းပေး၍
ဖေဖေ့အကြိုကို မစောင့်ဘဲ ဦးအောင်အရင်ပြန်လာခဲ့သည်။လက်ထဲတွင်လည်း ဆရာမဆုချသည့် ငွေငါးထောင်ကို သေချာစွာ
ဆုပ်ကိုင်လာခဲ့သည်။"ဟိတ် ခလေး ဒီနေ့ မင်းအဖေ လာမကြိုဘူးလားကွ"
စံအိမ်အနောက်ဘက်သို့ အရောက်တွင်
မြေကျင်းတူးနေသော အလုပ်သမားများထဲမှ တစ်ဦးက မေးလိုက်ခြင်းဖြစ်သည်။ဒီလူတွေကို ဟန်နေလင်း.သဘောမကျ။
ရုပ်တွေက လူဆိုးသူခိုးရုပ်တွေ။"သားက စောဆင်းလို့ အရင်ပြန်လာတာ"
"ဟုတ်လားကွ ဒါနဲ့ မင်းလက်ထဲက ပိုက်ဆံလေး ဦးဦးတို့ကို ခဏငှါးခဲ့ပါလားကွ
ဦးဦးတို့ ရေဆာနေလို့ ရေဝယ်
သောက်ချင်လို့ ဟား ဟား""ငှါးစရာလား ဒါက သားဆုရတဲ့ပိုက်ဆံဗျ "
"ကျစ် ပြောရခက်ပါလားကွ ..."
ပြောကာ ဟန်နေလင်းအနားသို့ တိုးလာသော ထိုလူကြီး။
အင်အားချင်း မမျှသောကြောင့် ဟန်နေလင်းအနောက်သို့ဆုတ်မိရာ နောက်ကျောမှာ
လူတစ်ဦး ရောက်ရှိနေသည်။
သေချာသည်က ထိုလူတွေထဲမှ တစ်ဦးဖြစ်သည်။ဟန်နေလင်း လှည့်အကြည့်တွင်
မိမိလက်ထဲမှ ငါးထောင်တန်လေးဟာ
ရှေ့မှ လူကြီး၏ ဆွဲယူခြင်းကို
ခံလိုက်ရသည်။"ဟိတ် လူကြီး သားပိုက်ဆံ ပြန်ပေးစမ်း...."
"ဟား ဟား ကြောက်ပါတယ်ကွာ ငါတို့က မင်းပိုက်ဆံခဏငှါးတာပါကွ
နောက်ကျပြန်ပေးမယ် သွားတော့"မိမိကို အတင်းတွန်းလွှတ်နေသော
လူကြီးများကြောင့်ဟန်နေလင်း
အော်ငိုကာ အိမ်သို့ ပြန်လာခဲ့သည်။
ဖေဖေ့ကို တိုင်ရန် ဥယျာဉ်ဘက်သို့
သွားမည်အလုပ်ဘေးတွင် ရပ်လိုက်သော ကားနက်တစ်စီးကြောင့်
ဟန်နေလင်း လှည့်ကြည့်လိုက်သည်။ကားပေါ်မှ ဆင်းလာသော ဟိုနေ့ကတွေ့ခဲ့သည့် ကိုကို။
YOU ARE READING
Romanceဂုဏ်ရှိန်ကြီးမားလှတဲ့စော်ဘွားမျိုးနွယ်ဇွန်လင်းမဟာနှင့်မှောင်ခိုဈေးကွက်မှာ လုပ်ကိုင်နေတဲ့ ကမ္ဘာဟန်တို့ရဲ့ romance ficလေးပါ။အချစ်ကို မကိုးကွယ်သင့်တဲ့ နှစ်ဦးသား ရင်ဘက်ချင်း ဘယ်လိုနီးသွားမလဲ။အခြေအနေချင်းမတူတဲ့ ပတ်ဝန်းကျင်နှစ်ခု...