Zawgyi
တီတီ...တီတီ....တီတီ.......
ဘေးမှ alarmပေးထားသော digitalနာရီ
လေးဟာစတင်မြည်လာခဲ့ရာ တစ်ခန်းလုံး
ဆူညံသွားခဲ့သည်။ခဏအကြာတွင်တော့ အခန်းငယ်လေးဟာ ပြန်၍ တိတ်ဆိတ်
သွားသည်။အကြောင်းမှာတော့
alarmကိုပိတ်ကာ ပြန်အိပ်နေသော
ရေစက်ကြောင့်ပင်။(ဘဝမှာ အကောင်းဆုံးဖီလင်က ဘာလဲ
ခင်ဗျားတို့ သိကြလား.......
နှိုးစက်ပိတ်ပြီး ပြန်အိပ်ရတာဗျ ဟဲ ဟဲ)ရေစက် ထိုသို့တွေးကာ ပြန်အိပ်နေလိုက်သည်။သို့သော်လည်း အကောင်းဆုံး
ဖီလင်က ခဏအကြာတွင် ပျောက်
ကွယ်သွားသည်။"ဖေဖေ ထတော့"
ဟန်နေလင်း ပြန်အိပ်နေသော ဖေဖေကို
နှိုးရသည်။
ဒို့မို့ဆို သူစာသင်သွားရာ နောက်ကျအုံးမည်။နောက်ကျသည်က တစ်နေ့မဟုတ်တော့ ဆရာမလေးစိတ်ဆိုးမှာကို ဟန်နေလင်း
စိုးရိမ်မိသည်။မိမိမှာ နှိုးနေသော်လည်း
အသံဘလံ ပြန်မရသော ဖေဖေကြောင့်
နဲနဲ စိတ်တိုလာသည်။"ဖေဖေ ထတော့ "
"ဖေဖေ ထတော့လို့...."
ရေစက် မိမိနားအနီးသို့ ကပ်အော်လာသော သားဖြစ်သူကြောင့် လန့်နိုးလာသည်။
"သားရာ အစောကြီးရှိသေး ဘာလို့ လာနိုးတာလဲကွာ"
"မစောတော့ပါဘူး ဖေဖေက ပြီးရင် ရေလည်း ချိုးရအုံးမှာ"
"ရေမချိုးတော့ဘူးကွာ ခဏပြန်အိပ်လိုက်အုံးမယ်နော်"
"ဟာ မရဘူးဗျာ ထတော့ ရေမချိုးရင်
ဖေဖေဆီကနံတယ်ဗျ""အံမယ် မင်းက အတော်မွှေးတာဆိုတော့ လာကွာ သားပါ
ဖေဖေနဲ့အတူလာအိပ် လာ""မလာဘူးဗျာ ဖေဖေထမှာလား မထဘူးလား"
ဖြေသံမကြားရတော့၍ ဟန်နေလင်း လုပ်ငန်းကို စစတင်လိုက်သည်။ကစားစရာထည့်ထားသည့် တောင်းထဲမှ ပွဲဈေးတုန်းက
ဝယ်ထားသော ရောင်စုံဂေါ်လန်ကို
အအရှည်ကြီးဆွဲထုတ်ကာ ကုတင်နှင့်
မနီးမဝေးမှာ ထိုင်၍
ဟန်နေလင်း စတင်မှုတ်တော့သည်။
YOU ARE READING
Romanceဂုဏ်ရှိန်ကြီးမားလှတဲ့စော်ဘွားမျိုးနွယ်ဇွန်လင်းမဟာနှင့်မှောင်ခိုဈေးကွက်မှာ လုပ်ကိုင်နေတဲ့ ကမ္ဘာဟန်တို့ရဲ့ romance ficလေးပါ။အချစ်ကို မကိုးကွယ်သင့်တဲ့ နှစ်ဦးသား ရင်ဘက်ချင်း ဘယ်လိုနီးသွားမလဲ။အခြေအနေချင်းမတူတဲ့ ပတ်ဝန်းကျင်နှစ်ခု...