Zawgyi
ယနေ့ မနက် မိုးဖြောက်ဖြောက်လေးကျသည်မို့ ကမ္ဘာတို့
အဖွဲ့အိပ်ကောင်းနေသည်။ယနေ့ ဆိုင်ပိတ်သည်။ဘာနေ့ရယ်မို့ ပိတ်သည်မဟုတ်။ကမ္ဘာတို့အဖွဲ့ ပျင်းတဲ့နေ့မို့
ပိတ်ခြင်းဖြစ်သည်။ကမ္ဘာ လူက အိပ်နေသော်လည်း ဗိုက်က မအိပ်သည်မို့
မနက်စာစားရန် ထလိုက်သည်။မီးဖိုချောင်ထဲသွားတော့
ခေါက်ဆွဲမျှင်ကလွဲ ဘာမှမရှိ။ဆန်အိုးကို ဖွင့်ကြည့်တော့
လည်း အထဲမှာ ပိုးမျှင်များသာ တွေ့ရသည်။"ဟျောင့်တွေ မထကြသေးဘူးလား"
ကမ္ဘာလှေကားအဆင်းတွင် ရပ်ကာ အပေါ်သို့ အော်ကာ
ပြောလိုက်သည်။ထိုအခါ အိမ်သာထဲမှ ထွက်လာသော
ငဘုန်း။"ထပြီဟေ့ မင်းဖေက အိမ်သာထဲမှာကွ"
"မင်းပထွေးက မင်းတို့ အိပ်ရာခင်းတွေ
ခေါက်သိမ်းနေတယ်ဟေ့"
အပေါ်ထပ်မှ ပြဲလန်စွာ ပြန်အော်လာသော ကျော်ကြီး။
ဒီကောင်တွေ အာကိုပြဲတယ်။"ငဘုန်း ဗိုက်ဆာတယ်ကွာ ဆီချက်လည်း
လုပ်မစားချင်ဘူး အိမ်မှာ ဘာရှိလဲ"
"အိမ်မှာလား မင်းသူငယ်ချင်းဆန်ကုန်မြေလေးတွေပဲ
ရှိတယ်"
"ကျစ် အတည်ပြောတာ"
"ငါလည်း အတည်ပြောတာပဲ"
"ဒါဆိုလည်း အပြင်သွားစားမယ်ကွာ ပိုက်ဆံထည့်ခဲ့"
"အယ် နေပါအုံး ငမှာ ခုချိန် တစ်ကိုယ်လုံးပေါင်းလို့
၂ထောင်မရှိဘူး"
"မွဲတာကွာ ဟျောင့်ကျော်ကြီး ပိုက်ဆံရှိလား"
"ဟဲဟဲ ငါမနေ့က ဘောလုံးပွဲလောင်းတာ
နဲနဲများသွားတယ်"
"လောင်းကစားသမားနဲ့ ငမွဲနဲ့ ခုမနက်စာ ဘယ်လိုစားမလဲ
ပြော ပစ္စည်းက သန်ဘက်ခါမှ သွားပို့ရမှာ မလား"
YOU ARE READING
Romantizmဂုဏ်ရှိန်ကြီးမားလှတဲ့စော်ဘွားမျိုးနွယ်ဇွန်လင်းမဟာနှင့်မှောင်ခိုဈေးကွက်မှာ လုပ်ကိုင်နေတဲ့ ကမ္ဘာဟန်တို့ရဲ့ romance ficလေးပါ။အချစ်ကို မကိုးကွယ်သင့်တဲ့ နှစ်ဦးသား ရင်ဘက်ချင်း ဘယ်လိုနီးသွားမလဲ။အခြေအနေချင်းမတူတဲ့ ပတ်ဝန်းကျင်နှစ်ခု...