Zawgyi
ဇွန် ဟန်လေးကို ကျောင်းပို့ပြီးသည်နောက် ကိုကို့ဆီ တန်းလာခဲ့လိုက်သည်။ဈေးထိပ်တွင် ရောင်းနေသော
မန်းကျည်းဖျော်ရည်တစ်ခွက် ဝယ်လိုက်ပြီး ပါဆယ်ထုပ်
ခိုင်းကာ ပိုက်နှစ်ချောင်းထည့်ခိုင်းလိုက်သည်။ကိုကိုနှင့် အတူ တစ်ခွက်ထဲ နှစ်ယောက်သောက်ချင်မိ၍ အကြံဖြင့်
ပိုက်နှစ်ချောင်း တောင်းခဲ့ခြင်းဖြစ်သည်။ကိုကိုမေးလာလျှင်ဆင်ခြေအနေဖြင့် ပိုက်ဆံမရှိလို့ တစ်ခွက်ပဲဝယ်နိုင်တာတို့
ဘာတို့ပေါ့။ဇွန်ကိုယ့်အတွေးနှင့် ကိုယ် လမ်းလျှောက်နေတုန်းမှာပဲ
မိမိလက်ထဲမှ မန်းကျည်းဖျော်ရည်ထုပ်လေးဟာ
တစ်စုံတစ်ဦး၏ဆွဲလုခြင်းကို ခံလိုက်ရသည်။ဇွန်လှည့်
ကြည့်လိုက်တော့ ဈေးခွန်ကောက်သည့် ကောင်များ
ဖြစ်နေသည်။အရပ်ထောင်ထောင်မောင်းမောင်း ဗလ
တောင့်တောင့်ဖြစ်သည့် လူငါးယောက်အဖွဲ့ထဲမှ နဲနဲသားသားနားနားဝတ်ထားသော ကောင်က ဇွန့်ဖျော်ရည်ထုပ်ကို
ဆွဲလုလိုက်ခြင်း ဖြစ်သည်။"ဟိတ် အလှလေး ဘယ်သွားမလို့လဲကွ"
ရွံစရာကောင်းအောင် ပြောလာသော ထိုကောင်ကို ဇွန်
လက်ပိုက်၍ မထီစွာ မျက်ခုံးပင့်၍ ပြန်ကြည့်နေလိုက်သည်"အိုဟိုး အလှလေးက မာန်လေးနဲ့ပါလား ငကောင်တွေရ
ဘာလဲ အလှလေးအဖျော်ရည်ထုပ်ကို ဆွဲလုမိလို့လား"
"အေး"
"စိတ်မဆိုးပါနဲ့ကွာ ကိုယ်တို့်က အလှလေးကို စချင်လို့ပါ
အလှလေးက ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး အရမ်း
လှနေတော့လေ"
"အဲ့တော့"
"ဒီလိုလုပ်ကွာ အလှလေးက ကိုယ်တို့နဲ့ ဆိုင်ကယ်တပတ်
လောက် ပတ်စီးပြီး လည်ပေးပါလား ဒါဆို ဒါလေးကို
ကိုယ်ပြန်ပေးမယ်ကွာ "
YOU ARE READING
Romanceဂုဏ်ရှိန်ကြီးမားလှတဲ့စော်ဘွားမျိုးနွယ်ဇွန်လင်းမဟာနှင့်မှောင်ခိုဈေးကွက်မှာ လုပ်ကိုင်နေတဲ့ ကမ္ဘာဟန်တို့ရဲ့ romance ficလေးပါ။အချစ်ကို မကိုးကွယ်သင့်တဲ့ နှစ်ဦးသား ရင်ဘက်ချင်း ဘယ်လိုနီးသွားမလဲ။အခြေအနေချင်းမတူတဲ့ ပတ်ဝန်းကျင်နှစ်ခု...