Zawgyi
"ရေစက်ရေ မင်းကို ဧည့်သည်တစ်ယောက်က
တွေ့ချင်လို့တဲ့ကွ"
ရေစက် အလုပ်လုပ်နေတုန်း ခြံစောင့်ဦးကြီးမှ လာပြောသ
ဖြင့် ထိုဧည့်သည်ဆိုသည့်သူကို ရေစက်တွေ့ရန် ထွက်လာ
ခဲ့သည်။"ဟာ ကိုလင်းခန့်နှောင်း တောင်ကြီးကို အလည်ပြန်လာ
တာလားဗျ"
"ဟုတ်ပဗျာ ညီမလေးကလည်း အိမ်ပြန်လာပါအုံးဆိုလို့
ခဏအလည်လာတာဗျ ရေစက်နဲ့လည်း မတွေ့ဖြစ်တာ
ကြာလို့ အလည်ဝင်လာတာ ဒါနဲ့ အချိန်ရရဲ့လား"
"ခဏတော့ ရပါတယ်ဗျာ။ညနေကျမှ သားကြိုရင်း လာခဲ့
မယ်လေ။ဒါနဲ့ ပြည်မှာ အလုပ်တွေ ဖြစ်ရဲ့လား"
"ဖြစ်တာမှဗျာ ကိုယ်က ဈေးကြီးထဲမှာ ငါးဒိုင်ဖြစ်နေတာ
ဗျ။ရောင်းရချက်ကတော့ လက်မလည်ဘူးဗျို့။ခုတောင်
အငယ်တွေနဲ့ ထားခဲ့ရတာဗျ"
"အဆင်ပြေတယ်ကြားတော့ ဝမ်းသာပါတယ်ဗျာ"
"ရေစက်တို့ သားအဖလည်း အဆင်ပြေတယ်မလား"
""မပြေ့တပြေလို့ ပြောရမှာပဲဗျ"
"ဒီမှာက အပြင်လောကနဲ့ သိပ်မတူဘူးဗျာ ပိုင်ရှင်တွေက
လည်း ဘုရင်ခေတ်ကတည်းက စော်ဘွားမျိုးတွေဆိုတော့
တစ်ခါတစ်လေ နေရထိုင်ရတာ အရင်ခေတ်ရောက်နေ
သလိုပဲ မလွတ်လပ်သလိုပေါ့ဗျာ"
"မင်းတို့ နေရတာလည်း သိပ်မဟန်ပါဘူးကွာ။ဒီလိုလုပ်ပါ
လား။ ငါနဲ့ အလုပ်အတူတူ လုပ်မယ်ဆိုရင်ကော ငါရတဲ့
အမြတ်ကို တစ်ဝက်ခွဲပေးမယ်ကွာ နောက်ပိုင်းကျ ငါတို့
ဆိုင်ခွဲတွေ ထပ်ခွဲဖွင့်ရအောင်ထိ ကြိုးစားကြတာပေါ့"
YOU ARE READING
Romanceဂုဏ်ရှိန်ကြီးမားလှတဲ့စော်ဘွားမျိုးနွယ်ဇွန်လင်းမဟာနှင့်မှောင်ခိုဈေးကွက်မှာ လုပ်ကိုင်နေတဲ့ ကမ္ဘာဟန်တို့ရဲ့ romance ficလေးပါ။အချစ်ကို မကိုးကွယ်သင့်တဲ့ နှစ်ဦးသား ရင်ဘက်ချင်း ဘယ်လိုနီးသွားမလဲ။အခြေအနေချင်းမတူတဲ့ ပတ်ဝန်းကျင်နှစ်ခု...