Unicode
🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၃)“No.111 ဝင်လာလို့ရပါပြီ...”
အင်တာဗျူးခန်းရှေ့မှ ကောင်မလေးတစ်ယောက်၏အသံကြောင့် လေးညှို့ကိုယ်လေးမတ်ခနဲဖြစ်သွားရသည်။
“လေးညှို့ မင်းနံပါတ်ခေါ်နေပြီ...သေချာဖြေခဲ့နော် ဖိုက်တင်း..စိတ်ကိုလည်းလျှော့နော် ..”
“အင်း...”
လေးညှို့ ခေါင်းတစ်ချက်ညိတ်ပြ၍ ထိုင်နေရာမှထကာ အင်္ကျီကိုတစ်ချက်ဆွဲဆန့်လိုက်ပြီး အင်တာဗျူး ခန်းထဲသို့ ခြေလှမ်းမှန်မှန်နှင့်ဝင်သွားလိုက်သည်။အထဲတွင်တော့ စာရွက်များကိုကြည့်နေသည့် လူငယ်တစ်ဦးနှင့် သူနှင့်မတိမ်းမယိမ်းအရွယ် ကောင်မလေးနှစ်ယောက်တို့ရှိနေသည်။
“ထိုင်လို့ရပါပြီရှင့်..”
“ဟုတ်ကဲ့...”
“နာမည်က လေးညှို့စိမ်းနော်...အသက်က 25 နှစ်...လုပ်ငန်းအတွေ့အကြုံမရှိသေး..”
ကြယ်စင်နှင်း ကိုယ်ရေးရာဇဝင်အကျဉ်းကို အသံထွက်ဖတ်လိုက်ပြီး မျက်မှန်ကိုတစ်ချက်ပင့်တင်လိုက်ကာ ရှေ့မှာအင်တာဗျူးဖြေဖို့ရာ ထိုင်နေသည့် ကောင်လေးကို မော့ကြည့်လိုက်သည်။
*အို ချောလိုက်တာ... *
စိတ်ထဲတွင်ရေရွတ်လိုက်မိရင်း တွေ့လိုက်ရသည့်မျက်ဝန်းစိမ်းလေးများကြောင့် ကြယ်စင်နှင်း၏ မျက်မှန်းဝိုင်းဝိုင်းအောက်က မျက်လုံးလေးများဟာ ဝိုင်းစက်သွားရသည်။ရှိန်ခြင်း၊ကြောက်ခြင်း တစ်ချက်မရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် မိမိတို့ကို ကြည့်နေသည့် မျက်ဝန်းစိမ်းလေးများက စူးရှလွန်းလှသည်။ သာမန်ထက်ပိုတည်ငြိမ် နေသည်မှာသူဖြစ်ပြီး မိမိတို့က စိတ်လှုပ်ရှားလာသောကြောင့် အင်တာဗျူးဖြေမည့်သူက သူလား ကိုယ်လားတောင် မကွဲချင်ဖြစ်သွားရသည်။မေးစရာရှိသည့်မေးခွန်းများကိုမမေးဘဲ မျက်လုံးအပြူးသားဖြင့် ငေးနေပါသော မကြယ်စင်ကြောင့် ဘေးမှ မင်းသုတနှင့်သက်စုနှင်းတို့အသာ တံတောင်ဖြင့်တို့ပြီးသတိပေးလိုက်သည်။
“ဪ အဟမ်း! မေးခွန်းလေးတွေမေးမယ်နော်...”
“ဟုတ်ကဲ့...”