⚙️1⚙️

22K 1.8K 143
                                    

(Unicode)

"ထယ်ဟီး၊ ညီမလေး .. မြန်မြန်ထွက်လာ‌တော့ ကျောင်းနောက်ကျနေတော့မယ်"

အပြင်မှ အသံဩဩနဲ့ အော်ခေါ်သံကြောင့် အိမ်ထဲမှ ခပ်သွက်သွက်‌ထွက်လာသော အသက် ၂၀အရွယ် ကောင်မလေးတစ်ယောက်။ ကျောင်းယူနီဖောင်းကို သေသပ်စွာဝတ်ဆင်ထားပြီး အသစ်မမည်သော ကျောပိုးအိတ်လေးကို လွယ်ထားလျက်။

"ညီမလေးက အသက် ၂၀ ဖြစ်နေပြီ၊ ကိုကို ကျောင်းလိုက်ပို့စရာမလို‌တော့ပါဘူး"

အလိုမကျဟန် စူပုတ်ကာ ပြောလာသော ထယ်ဟီးကြောင့် အစ်ကိုဖြစ်သူမှာ အနည်းငယ်ပြုံးရင်း ထယ်ဟီးပါးလေးကို ခပ်ဖွဖွညှစ်လိုက်သည်။

"ငါ့ညီမလေး ဒီလောက်ချောတာ လိုက်မပို့လို့ဖြစ်မလား၊ မတော်လို့ လူတွေဆွဲသွားရင် ဘယ်လိုလုပ်မလဲ"

"ကိုကိုလိုက်ပို့မှ ဝိုင်းဆွဲကြမှာ၊ ယောင်းမ ယောင်းမဆိုပြီး"

"အဲ့တော့လည်း တစ်ယောက်ယောက်နဲ့တွဲဖြစ်တာပေါ့၊ ကိုယ့်အစ်ကို ရည်းစားမြန်မြန်ရသွားတော့ မကောင်းဘူးလား"

"မကောင်းပါဘူး၊ ကင်ထယ်ယောင်းက ကင်ထယ်ဟီးရဲ့ အစ်ကိုအနေနဲ့ပဲ နေရမှာ၊ တခြားတစ်ယောက်ရဲ့ ယောက်ျားအဖြစ်မနေရဘူး"

ကိုယ်တိုင်က တမင်စနောက်၍ ပြောလိုက်သော်လည်း ညီမဖြစ်သူက အတည်ပေါက်ပြောလာတာကြောင့် ထယ်ယောင်းမှာ မထိန်းချုပ်နိုင်စွာဖြင့် အသံထွက်သည်အထိပင် ရယ်လိုက်မိသည်။

မောင်နှမနှစ်ယောက်လုံး၏ ထူးခြားချက်က နှစ်ဦးလုံးဟာ အလွန်ချောမောကြည့်ကောင်းကြခြင်းဆိုသည့် အချက်ပင်။ ထယ်ယောင်းမှာလည်း ယောက်ျားလေးတန်မဲ့ ထူထဲသော မျက်ခုံး၊ ကော့ညွှတ်သော မျက်တောင်တို့ကို ပိုင်ဆိုင်ထားပြီး နှုတ်ခမ်းဖူးဖူးဟာလည်း ဆိုးဆေးအကူအညီမပါတာတောင် ရဲရဲလေးဖြစ်နေလျက်။ ထယ်ဟီးသည်လည်း အစ်ကိုဖြစ်သူနှင့် ထပ်တူညီစွာ မင်းသမီးရှုံးရသော ရုပ်ရည်ပင်။

"ဒီနေ့ Taxi စီးကြမလား ထယ်ဟီး"

"ပိုက်ဆံကုန်တယ်၊ လမ်းပဲလျှောက်ကြမယ်"

"ဘယ်အချိန်ထိ ကျောင်းကို လမ်းပဲ လျှောက်နေမှာလဲ"

ထယ်ယောင်းစကားအဆုံး ထယ်ဟီးဟာ ဘာမှပြန်မပြောသေးဘဲ သက်ပြင်းတစ်ချက်ချကာ လူကြီးတစ်ယောက်နှယ် ထယ်ယောင်းမျက်နှာကို မော့ကြည့်လာသည်။

Unrealistic Husband [Completed]Where stories live. Discover now