⚙️21⚙️

12.8K 1.5K 260
                                    

(Unicode)

တိတ်ဆိတ်၍ အသံလုံသောကားထဲတွင် ဂျောင်ဂု၏ အသက်ရှူသံပြင်းပြင်းကသာ စိုးမိုးနေလျက်။ ဂျောင်ဂုပုံစံဟာ အရင်ကနဲ့မတူ အခုတစ်ခေါက်က တော်တော်လေး ကွဲပြားနေသည်။ သူ၏ လိုအင်ဆန္ဒတွေကို အစွမ်းကုန်ထိန်းချုပ်နေသည့်ဟန်။

"မောင်"

ထယ်ယောင်း အသံတိုးတိုးနဲ့ ခေါ်လိုက်မိတော့ ဂျောင်ဂုဟာ ထယ်ယောင်းအား ရီဝေဝေအကြည့်များနဲ့ မော့ကြည့်လာလေသည်။ ဂျောင်ဂုအသက်ရှူသံတွေကလည်း ပြင်းထန်နေကာ နှလုံးခုန်သံတွေလည်း ဂဏှာမငြိမ်ဖြစ်နေသည်ကို ထယ်ယောင်းသတိထားမိပါသည်။

"ဗစ်ထိုရီ.. မောင်မင်းကို တစ်စစီဖျက်ဆီးမိတော့မယ်"

ခပ်ရှရှအသံနဲ့ ပြောလာသောဂျောင်ဂုစကားက ကြက်သီးထစရာ။ ထယ်ယောင်းဘာမှမတုန့်ပြန်မိဘဲ ဂျောင်ဂုမျက်ဝန်းတွေထဲသာ ငေးကြည့်နေမိ၏။ အခုလို လက်တွေ့အခြေအနေ‌တွင်တော့ ထယ်ယောင်း ဘာမှမလုပ်ရဲတော့သလို ခြေဖျားလက်ဖျားတွေလည်း အေးစက်တောင့်ခဲကုန်သည်။

ဂျောင်ဂုလက်တွေကလည်း တဖြည်းဖြည်း ထယ်ယောင်းအင်္ကျီအောက်တိုးဝင်လာကာ ထယ်ယောင်း၏ ကျောပြင်လေးကို ခပ်ဖွဖွပွတ်သပ်လာလေတော့ ထယ်ယောင်းလက်ချောင်းလေးတွေက ဂျောင်ဂုအင်္ကျီစတွေကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိ၏။

"မောင်တော့ မင်းကြောင့် ရူးမှာပဲ"

ဂျောင်ဂုက ပြောလည်းပြော၊ ထယ်ယောင်းရင်ဘတ်က အထိမခံသောနေရာလေးကိုလည်း လက်နဲ့ ခပ်ဖွဖွထိလိုက်ရာ ထယ်ယောင်းမှာ မနေတတ်စွာဖြင့် ကိုယ်လုံးလေး တုန်ခနဲဖြစ်သွားရှာသည်။ ထယ်ယောင်းပုံစံလေးကိုကြည့်ကာ ဂျောင်ဂုက တစ်ချက်ပြုံး၏။

"မောင်.. ခဏလေး"

"အခုချိန်မှတော့ ရပ်ဖို့မဖြစ်နိုင်တော့ဘူးလေကွာ"

"ဒါပေမဲ့... ဒီလိုကြီးက.."

"ဗစ်ထိုရီလည်း သဘောကျတာပဲမလား"

ပြောပြီးတာနဲ့ ထယ်ယောင်းနှုတ်ခမ်းဖူးဖူးအား ဖိကပ်နမ်းလိုက်လေ၏။ ထယ်ယောင်းဟာ မရုန်းကန်သော်လည်း အလိုက်သင့်လေး တုန့်ပြန်နိုင်စွမ်းမရှိ။ ခန္ဓာကိုယ်အနှံ့ ဂျောင်ဂုလက်က နယ်ချဲ့နေသည်မို့ အနမ်းများကို သေချာအာရုံမစိုက်နိုင်။

Unrealistic Husband [Completed]Tempat cerita menjadi hidup. Temukan sekarang