⚙️18⚙️ ⚠️

16.3K 1.6K 173
                                    

(Unicode)

ညနေ ၅နာရီခွဲခန့်။
ဂျောင်ဂုက ၆နာရီတွင် အိမ်လာခေါ်မည်ဆိုတာကြောင့် ထယ်ယောင်းတစ်ယောက် သူဌေးဂန်ကို အသိပေး၍ သူဌေး၏ အိမ်ကို ကြိုရောက်နေတော့သည်။

ကိုယ်တိုင်က ပေါ့ပေါ့ပါးပါး လူငယ်ဆန်ဆန်ဝတ်ထားပေမယ့် သူဌေးက ချက်ချင်း ပြန်လဲခိုင်းကာ suit အညိုရောင်တစ်ခုထုတ်ပေးလာပြီး ပြောင်းဝတ်ခိုင်းလေ၏။ မိမိအား ပိုက်ဆံပေးထားသဖြင့် ထယ်ယောင်း မငြင်းဆန်နိုင်ဘဲ အင်္ကျီပြန်လဲဝတ်လိုက်တော့သည်။ တကယ်တော့ ဒီလိုကောင်းကောင်းကန်းကန်းဝတ်ဖို့ ငြင်းစရာ‌အကြောင်းလည်း မရှိဘူးမဟုတ်လား။

အင်္ကျီလဲပြီးသည်နှင့် ဗစ်ထိုရီရဲ့ အခန်းထဲမှ ထွက်ကာ အိမ်ရှေ့တွင် ဂျောင်ဂုအလာကို မျှော်နေမိ၏။ သူဌေးဂန်ဟာလည်း အိမ်ရှေ့တွင် ထယ်‌ယောင်းနဲ့အတူ ဂျောင်ဂုကိုစောင့်ရင်း သတင်းစာဖတ်နေလျက်။

တိတ်ဆိတ်နေသော အနေအထားတွင် ထယ်‌ယောင်းလည်း လုပ်စရာမရှိစွာဖြင့် ဧည့်ခန်း‌လေးကို လှည့်ပတ်ကြည့်နေမိလေရာ ထူးဆန်းစွာဖြင့် မိသားစုဓာတ်ပုံ တစ်ပုံမှ မတွေ့ပေ။ စဉ်းစားကြည့်မှ ဗစ်ထိုရီ၏ အိပ်ခန်းထဲတွင်လည်း ဘာဓာတ်ပုံမှ မရှိ။

ဘာရယ်မဟုတ်၊ တကယ့်ဗစ်ထိုရီကို မြင်ချင်လာသဖြင့် ထယ်ယောင်းမှာ မနေနိုင်စွာ တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်လေတော့သည်။

"သူဌေး.. ကျွန်တော် ဗစ်ထိုရီ့ဓာတ်ပုံ ကြည့်ခွင့်ရှိမလား"

ထယ်ယောင်းစကားအဆုံး သူဌေးဂန်၏ မျက်နှာဟာ အနည်းငယ်တည်တင်းသွားပြီး ဖတ်လက်စ သတင်းစာအား စားပွဲပေါ် တင်လိုက်လေသည်။

"ဘာလို့ ကြည့်ချင်တာလဲ"

"ကျွန်တော်က ဗစ်ထိုရီဂန်လို နေနေရတော့ အနည်းဆုံး ဓာတ်ပုံလေးတော့ မြင်ဖူးသင့်တယ်ထင်လို့ပါ"

"မလိုဘူး၊ မလိုတာမို့လို့ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်ပါ"

သူဌေး၏ ခပ်ပြတ်ပြတ်တုန့်ပြန်မှုကြောင့် ထယ်ယောင်းလည်း အတင်းအကြပ်မလုပ်တော့ဘဲ ဘာမှဆက်မပြောဖြစ်ကြတော့ချေ။

Unrealistic Husband [Completed]Where stories live. Discover now